Episode-23

8.6K 895 232
                                    

#Unicode

ဥက္ကဌကြီးဂျွန်နဲ့စကားပြောပြီးသွားပြီဖြစ်လို့ အခန်းရှိရာဆီပြန်တက်လာသည့် ဂျောင်ကု...။ အခန်းတံခါးကိုဆွဲဖွင့်လိုက်သည့်အခါ ကုတင်ပေါ်မှာထိုင်ရင်းခေါင်းငုံ့ထားသောထယ်ယောင်းအားတွေ့လိုက်ရတာကြောင့်...

"ထယ်က ပြန်တောင်ရောက်နေပြီကိုး...။ လမ်းထိပ်က mini mart သွားတယ်ဆိုလို့ ခဏနေမှပြန်မရောက်ရင် မောင်က လိုက်လာခဲ့မလို့တွေးနေတာ..."

အခန်းတံခါးကိုပိတ်လိုက်ပြီး အခန်းဝမှာတင်ရပ်ကာပြောလိုက်ပေမယ့် ထယ်ယောင်းကတော့ ဂျောင်ကုအား စကားတစ်ခွန်းမှပင်ပြန်မပြောလာ...။ ကုတင်ပေါ်မှာခေါင်းငုံ့ထိုင်နေရင်းကနေ ခန္ဓာကိုယ်ကတဆတ်ဆတ်တုန်ခါနေကာ တစ်ခုခုကိုဒေါသထွက်နေပုံရသည့် ထယ်ယောင်းရဲ့ပုံစံကြောင့် ဂျောင်ကုမှာစိုးရိမ်တကြီးနဲ့အနားကိုအပြေးသွားပြီး ထယ်ယောင်းအရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ချလျက်...

"ဘာဖြစ်လို့လဲ ထယ်...? မောင့်ကိုပြောလေ..."

ငုံ့ထားတဲ့ထယ်ယောင်းမျက်နှာလေးကို လက်ချောင်းကလေးနဲ့အသာအယာပင့်တင်ကာမေးလိုက်ပေမယ့် ဂျောင်ကုပြန်ရတာက နီရဲနေတဲ့မျက်ဝန်းတစ်စုံနဲ့အတူ ခပ်စူးစူးအကြည့်တွေသာ...။

ထိုအကြည့်တွေ၊ ထိုမျက်ဝန်းတွေကို ရင်ဆိုင်လိုက်ရတဲ့ဂျောင်ကုတစ်ယောက် တစ်ခဏတာ ကြောင်အသွားမိဆဲမှာပဲ...

"အစကနေအဆုံးအထိ အားလုံး မင်းစီစဉ်ခဲ့တာတဲ့လား...? သိပ်ကိုချီးကျူးချင်စရာပဲ..."

စိမ်းကားစွာကြည့်ရင်းပြောလာသော ထယ်ယောင်းရဲ့စကား...။ ဘာကိုဆိုလိုလဲဆိုတာ ဂျောင်ကု ချက်ချင်းပင်သဘောပေါက်သွားသည်...။

"အားလုံးကမင်းရဲ့အစီအစဉ်တွေဖြစ်နေခဲ့တာကိုတောင် မင်းကမသိချင်ယောင်ဆောင်ပြီး ငါ့ကိုလိမ်ခဲ့တာလေ...!"

ဒေါသကြီးစွာဆိုရင်း ကုတင်ပေါ်ထိုင်နေရာကနေထပြီး ဂျောင်ကုအရှေ့ကနေထွက်လို့သွားသည့်ထယ်ယောင်းသည် ဗီဒို‌အရှေ့နားမှာဂျောင်ကုကိုကျောပေးလျက်ရပ်လို့နေ၏...။

ထိုအခါ အခုထိကြမ်းပြင်ပေါ်ဒူးထောက်နေဆဲဖြစ်သည့်ဂျောင်ကုမှာလည်း ခပ်မြန်မြန်ထရပ်လိုက်ရင်း ထယ်ယောင်းကိုကြည့်ကာ...

One Year Marriage (Completed)Where stories live. Discover now