Episode-26

10.9K 970 254
                                    

#Unicode

"အဟမ်း...! အဟွတ်...! အဟမ်း...!"

ဘေးမှာရပ်နေတဲ့သူတွေကိုရော၊ ပတ်ဝန်းကျင်ကိုရော မေ့ပြီး အရေးပေါ်ဌာနရဲ့ဆေးရုံကုတင်ပေါ်မှာ သူတို့နှစ်ယောက်တည်းရဲ့ကမ္ဘာလေးထဲပျော်မွေ့ရင်း အကြည့်ချင်းဆုံနေကြသည်မှာ အချိန်‌အတော်ကြာနေပြီဖြစ်တာကြောင့် ဂျင်ယောင်းမှာ အချစ်ငှက်ကလေးနှစ်ကောင်အား ချောင်းဟန့်၍အသံပြုလိုက်ရသည်...။

ထိုအခါမှပင် ထယ်ယောင်းဟာသတိဝင်လာခဲ့ရင်း ဘေးဘီအားအကြည့်ဝေ့မိတော့သည်...။ ဆေးရုံကုတင်ဘေးမှာတန်းစီပြီးရပ်နေကြသည့် အဖေရယ် အမေရယ် အဘိုးရယ် အကုန်လုံးက ကိုယ့်အား အံ့ဩမှုအနည်းငယ်ပါဝင်နေသောအကြည့်နဲ့ ပြုံးတုံ့တုံ့ကြည့်နေကြ၏...။ ထိုအထဲမှာမှ အဆိုးဆုံး ဂျင်ယောင်းကတော့ ခိုးခိုးပြီးပါရယ်နေတာဖြစ်သည်...။

အလျင်အမြန်ပင် ဂျောင်ကုရဲ့ရင်ခွင်ထဲကနေ ထရပ်ကာ ကုတင်ပေါ်ကဆင်းလိုက်သည့် ထယ်ယောင်း...။ ကုတင်ဘေးမှာရပ်လိုက်ပြီးမှ ကိုယ်ရှိန်ကိုသတ်ကာ မျက်ရည်တွေကိုသုတ်လိုက်ပြီး...

"မင်း... မင်း ဓားထိုးခံရလို့ဆို..."

ထွက်လာတဲ့ ထယ်ယောင်းရဲ့စကားသံလေးက တကယ့်ကိုတိုးတိုးလေး...။ ရှက်နေတဲ့အရိပ်အယောင်လေးလည်းရောယှက်လို့နေသည်...။

"အင်း... ဒါပေမယ့် မောင်က လက်နဲ့ကာပြီးတားလိုက်တော့ ဘယ်ဘက်လက်ဖဝါးကိုရှပ်ထိသွားတာ...။ ဘာမှမဖြစ်တော့ပါဘူး။ ရှင်းဂွမ်မင်းကိုလည်း ရဲတွေဖမ်းသွားပြီ။ ဒီတစ်ခါတော့ လွယ်လွယ်နဲ့လွတ်လာတော့မှာမဟုတ်ဘူး..."

ကုတင်ပေါ်မှာထိုင်နေသည့် ဂျောင်ကုက ထယ်ယောင်းကိုမော့ကြည့်ရင်းပြန်ဖြေသည်...။ ဘယ်လိုမော့ကြည့်နေသလဲဆို မြတ်နိုးရိပ်တွေပြည့်လျှံလို့နေတဲ့အကြည့်တွေနဲ့ ထယ်ယောင်းတစ်ယောက်တည်းကိုသာစိုက်ကြည့်ပြီး ပြောလို့လာခြင်း...။

ထိုသို့သော ဂျောင်ကုရဲ့အကြည့်ကြောင့် ထယ်ယောင်းမှာရှက်စိတ်လေးတွေတက်လာခဲ့ရင်း ခေါင်းကိုသာပိုပိုငုံ့ထားမိတော့သည်...။

"စောစောက ခေါ်တုန်းက 'မင်း' မဟုတ်ပါဘူး..."

ဘေးနားကိုတိုးကပ်လာရင်း အစ်ကိုဖြစ်သူကို စ လာသည့် ဂျင်ယောင်း...။ ထယ်ယောင်းမှာ မျက်စောင်းတစ်ချက်ထိုးလိုက်ကာ...

One Year Marriage (Completed)Where stories live. Discover now