Episode-1

12.7K 977 167
                                    


#Unicode

"ဒီကနေ့ စီးပွားရေးသတင်းတွေရဲ့ ခေါင်းစည်းပိုင်းမှာနေရာယူထားတာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း Company နှစ်ခုဖြစ်တဲ့ Starlight Group နဲ့ Knight Group တို့ရဲ့သတင်းပဲဖြစ်ပါတယ်။

CEO ဂျွန်ဂျောင်ကုဦးဆောင်တဲ့ Starlight Group နဲ့ CEO ကင်ထယ်ယောင်းဦးဆောင်တဲ့ Knight Group တို့ဟာငွေသန်းနဲ့ချီ အကျိုးအမြတ်ရရှိမယ့် ဒယ်ဂူဘက်က ဆောက်လုပ်ရေး Project အကြီးကြီးတစ်ခုကိုအပြိုင်ဝယ်ယူကြတဲ့ Company တွေထဲမှာအပါအဝင်ဖြစ်ခဲ့ပြီး အခြား Company တွေလက်လျှော့သွားခဲ့တာတောင် နောက်ဆုံးအထိ ဒီ Project ကို လက်မလျှော့ပဲလိုက်ခဲ့တဲ့ Company နှစ်ခုပဲဖြစ်ပါတယ်။ စီးပွားရေးလောကတစ်ခုလုံးကလည်းနောက်ဆုံးမှာ ဒီ Project ကိုဘယ်သူကလက်ဝယ်ပိုင်ဆိုင်သွားနိုင်မလဲဆိုတာ အကုန်လုံးစိတ်ဝင်တစားစောင့်ကြည့်‌‌နေခဲ့ကြပြီး ဒီနေ့မှာတော့ ရလဒ်ဟာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒယ်ဂူဆောက်လုပ်ရေး Project ကိုရရှိသွားတာကတော့ Knight Group ပဲဖြစ်ပါတယ်။

သို့ပေမယ့် Project ကိုရယူတဲ့နည်းလမ်းဟာ ဥပဒေနဲ့မငြိစွန်းပေမယ့် သမာသမတ်ကျတဲ့နည်းလမ်းတော့မဟုတ်ဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ Starlight Group ကို နိုင်ချင်စိတ်ကြောင့်လားဆိုတဲ့သတင်းတွေပါထပ်ဆင့်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဘိုးစဉ်ဘောင်ဆက်ကတည်းက နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကောင်းမွန်လာခဲ့တဲ့ Company နှစ်ခုဟာ အခုတော့ ရန်သူတွေ ပြိုင်ဘက်တွေ ဖြစ်သွားကြပြီလားဆိုတဲ့ထင်မြင်ချက်တွေနဲ့အတူ CEO ဂျွန်နဲ့ CEO ကင်တို့ နှစ်ယောက်ရဲ့မသင့်မြတ်ပုံရတဲ့ဆက်ဆံရေးကိုပါ စိတ်ဝင်စားလာကြပါတယ်။

ဒီသတင်းတွေနဲ့ပက်သက်ပြီး နှစ်ဖက် CEO နှစ်ယောက်လုံးကတော့ ဖြေရှင်းချက်ထုတ်ထားခြင်းမရှိသေးပါဘူး..."

ရုံးခန်းထဲ‌ရောက်လို့ ဘာသတင်းတွေများရှိလဲဆိုပြီး TV လေးဖွင့်ကြည့်မိပါတယ်၊ စိတ်ပျက်စရာသတင်းကြောင့်ပြန်သာပိတ်လိုက်တော့သည်...။ လူတွေ၊ မီဒီယာသမားတွေကလည်းသိပ်အမြင်ကပ်စရာကောင်းလိုက်တာ။ ဘာမဟုတ်တာလေးကိုသတင်းလုပ်ပြီး TV Channel တွေမှာပါပြနေရတယ်လို့။

One Year Marriage (Completed)Where stories live. Discover now