Episode-10

11.7K 957 165
                                    


#Unicode

"အင်း...."

ဖြည်းဖြည်းချင်းပွင့်ဟလာတဲ့ မျက်လုံးတွေနောက် အိပ်ရာကနေနိုးလာခဲ့သည်...။ လက်နှစ်ဖက်ကိုဆန့်တန်းလျက်အကြောဆန့်မိရင်း သတိရမိသွားတာက သူ့ကို...။ တစ်ညလုံးကိုယ့်ကိုအရိုးတွေကြေမွလောက်တဲ့အထိဖက်အိပ်သွားတဲ့ ဂျွန်ဂျောင်ကုဆိုတဲ့သူ...။

လှဲနေရာမှထထိုင်လိုက်ရင်း အခန်းထဲဝေ့ကြည့်လိုက်ပေမယ့် ကုတင်ပေါ်မှာလည်း မတွေ့၊ ရေချိုးခန်းထဲမှာလည်းအသံမကြား...။ စောစောစီးစီးထများပြန်သွားတာလားဆိုပြီးတွေးနေတုန်းမှာပင်...

*ဂျလောက်*

တံခါးဖွင့်ပြီးအခန်းထဲဝင်လာတဲ့သူက ဂျွန်ဂျောင်ကုဖြစ်လို့နေသည်...။ လက်ပြတ်အားကစားဝတ်စုံအနက်ရောင်နှင့် ဘောင်းဘီတိုကိုဝတ်ထားပြီး တစ်ကိုယ်လုံးချွေးတွေရွှဲနေပုံကိုကြည့်လျှင် အပေါ်ထပ်က Gym Room ထဲမှာ Gym သွားဆော့ထားပုံ‌ရသည်...။

"မင်း... မပြန်သေးဘူးလား...?"

အိပ်ရာပေါ်မှာထိုင်နေရင်းနဲ့ပဲ စိတ်ပေါက်ပေါက်နဲ့မေးလိုက်တဲ့ကိုယ့်စကား...။

"အဘိုးက မပြန်သေးနဲ့ဦးတဲ့။ မနက်စာစားပြီးမှပြန်တဲ့။ အဲဒါနဲ့ ကိုယ်လည်း အားနေတာနဲ့ အပေါ်ထပ်က Gym Room ထဲမှာ Gym သွားကစားလာတာ..."

နဖူးပေါ်မှာပေနေသည့်ချွေးတွေကို သဘက်တစ်ထည်နဲ့သုတ်ပြီး အေးအေးဆေးဆေးပင်ပြန်ဖြေလာသော သူ...။ ပြီးတာနဲ့ ခုံပေါ်ကရေတစ်ခွက်ကိုယူပြီးမော့သောက်လေ၏...။ အပြုအမူတွေက မသိရင် ကိုယ့်အခန်းက သူ့အခန်းကျနေတာပဲ...။ တကယ့်ကိုသဘာဝကျကျ...။

ကိုယ့်အခန်းကို သူ့အခန်းလိုအသုံးပြုနေသော ဂျွန်ဂျောင်ကုအား ကုတင်ပေါ်ကနေကြည့်နေရင်း မျက်စောင်းတထိုးထိုးနဲ့ နှာခေါင်းရှုံ့နေမိတဲ့ ကိုယ်...။ တော်တော်လေးကိုကြည့်မရတော့တာဖြစ်သည်...။

ထိုအချိန်မှာပဲ ဝတ်ထားတဲ့ အားကစားဝတ်စုံအင်္ကျီလက်ပြတ်ကို ဆွဲချွတ်လိုက်သည့်သူ...။ အင်္ကျီမပါတဲ့ ဖြူဝင်းဝင်းကျောပြင်ကျယ်ကြီးက မြင်ကွင်းထဲဖျတ်ခနဲဝင်ရောက်လို့လာလေရာ ခပ်မြန်မြန်ပင် လက်နဲ့မျက်လုံးကိုကာလိုက်ရင်း...

One Year Marriage (Completed)Where stories live. Discover now