4 - Zawgyi

187 3 0
                                    

သည်နေ့ နာမည်ကြီး ရုပ်သံလိုင်း တစ်ခု၏ ပါတီပွဲကို ဂျီဝန်းရောက်လာခဲ့သည်။ ကိုးရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲတွေသာ တက်ရောက်နိုင်သည့် ပွဲမျိုးမို့ သီးသန့်ဆန်သည့်အပြင် လူတွေလည်း အများကြီး မရှိဘဲ အထူးသတင်းသမားအချို့သာ လာခွင့်ရှိ၍ လွတ်လွတ်လပ်လပ် စိတ်ကို လျှော့ထားပြီး အပန်းဖြေလို့ရသည်ဟု မန်နေဂျာက ဆိုသည်။ သို့သော်လည်း ဂျီဝန်းကတော့ ဘယ်နေရာမှာမဆို လူတွေနှင့် ကင်မရာတွေကို သတိထားနေတတ်တာ အကျင့်ဖြစ်နေပါပြီ။

ပွဲလုပ်သည့်နေရာက မြစ်ကမ်းစပ်ကို လှလှပပမြင်ရသည့် တောင်ကုန်းပေါ်မှ စံအိမ်ကြီး တစ်ခုမှာ ဖြစ်သည်။

ပွဲတက် ဓါတ်ပုံအချို့ရိုက်ပြီး ထိုင်ရမည့် နေရာကို လာတော့ စားပွဲဝိုင်းက ဂျီဝန်းနဲ့ မျက်နှာချင်းဆိုင်နေရာမှာ ဆောင်းဟန်ဘင်းကို တွေ့လိုက်ရသည်။ ဂျီဝန်း ဟန်ဘင်းကို အရည်မွန်ဆုံး အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

ပွဲကျင်းပသူတွေက အမြဲ သည်လိုပဲ။ ဘယ်နေရာမှာမဆို သူတို့နှစ်ယောက်ဆီကနေ အတင်းအဖျင်းသတင်းတစ်ပုဒ် ထွက်လာနိုင်အောင် ကြိုးစားလေ့ ရှိသည်။

ဟန်ဘင်းနှင့် သူ ပြုံးပြုံးရွှင်ရွှင် ရယ်မောနေသည်ကို မြင်လျှင် ပြိုင်ဘက်တွေဆိုပေမဲ့ လူမြင်ကွင်းမှာမို့ ဟန်ဆောင်နေတာဟု သတင်းခေါင်းစဉ်တပ်မည်။ မပြုံးဘဲ တည်နေလျှင်တော့ လူရှေ့မှာတောင် ဟန်ဆောင်ပြီး မဆက်ဆံနိုင်ကြတဲ့ နာမည်ကြီး မင်းသားနှစ်ယောက်ဟု ဆိုမည်။

ဘာလို့ ဟန်ဘင်းကိုမှ သူနှင့် ပြိုင်ဘက်တွေလို့ သတ်မှတ်ကြသလဲ။ ပြဿနာကတော့ ဂျီဝန်းကို နာမည်ကြီးဖြစ်သွားစေခဲ့သည့် ဇာတ်လမ်းတွဲက စသည်ဟု ဆိုရမည်။ အဲ့သည် ဇာတ်လမ်းက ဆောင်းဟန်ဘင်းအတွက် ရည်ရွယ်ပြီး ရေးထားပေးသည့် ဇာတ်ကားဖြစ်သည်။

ဟန်ဘင်းဘက်ကနေလည်း လက်ခံရိုက်ကူးမည်ဆိုပြီးလည်း အတည်ပြုလိုက်၏။ သို့သော် ရိုက်ကူးခါနီး တစ်ပတ်အလိုမှ ကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုကြောင့်ဆိုပြီး ဟန်ဘင်းဘက်ကနေ စာချုပ်ကို ဖျက်သိမ်းလိုက်၏။

Unpredictable FateWhere stories live. Discover now