Unicode
ပင်လယ်ဘေးမှ ခြံဝင်းလေးတစ်ခုထဲကို ဂျီဝန်းက ချိုးဝင်လိုက်သည်။ အုတ်တံတိုင်းနှင့် လမ်းမ ခြားထားပြီး တစ်ဖက်မှာ ကမ်းစပ် သဲသောင်ပြင်။
"အဖေနဲ့ အမေ ကျွန်တော်တို့ ရောက်လာပြီ"
အိမ်၏ အပြင်ဘက် မီးဖိုလို နေရာမှာ ချက်ပြုတ်နေကြသော ဂျီဝန်း၏ မိဘနှစ်ပါးက သူတို့ကို ကြိုဆိုပြီးနှုတ်ဆက်သည်။
"အမေ့သားလေးကို မမြင်ရတာကြာပြီ"
ဂျီဝန်းအမေက ဂျီဝန်းကို အများကြီး ချစ်ပုံရပါသည်။ ဂျီဝန်းနှင့် မျက်နှာကျ တူသော ခပ်ချောချော အမျိုးသမီးကြီး တစ်ယောက်ဖြစ်သည်။ ဂျီဝန်း အဖေကလည်း ခန့်သည်။
"သူက ဘယ်သူလဲ"
"မက်သရူးတဲ့။ ကျွန်တော့် အသိ ညီလေး"
ဂျီဝန်း ဝင်ဖြေပေးတော့ အဖေနှင့် အမေက မက်သရူးကို ဖော်ဖော်ရွေရွေ နှုတ်ဆက်ပါ၏။
"သားက ချစ်စရာလေးပဲ။ တက္ကသိုလ်ကျောင်းသားလား"
"ဟုတ်ကဲ့ ဆိုးလ်တက္ကသိုလ် ပထမနှစ်ပါ"
ဂျီဝန်း မိဘတွေရှေ့မှာ မက်သရူး မျက်နှာကောင်းရချင်နေမိတာ ဘာကြောင့်ပါလဲ။
"Happy Anniversary ပါ ဖေဖေနဲ့ မေမေ"
ဂျီဝန်းက ကားနောက်ခန်းမှ ကိတ်မုန့်ကို ထုတ်ပြီး စားပွဲပေါ် တင်ပေးသည်။ ဆယ့်နှစ်နာရီ ထိုးနေပြီဖြစ်တာကြောင့် နေ့လယ်စာ စားဖို့ ပြင်ကြ၏။
ဂင်ချီဟင်းရည်၊ ဝက်သားကင် အမဲသားနှပ် အစရှိသဖြင့် ကိုးရီးယား ရိုးရာအစားအစာ အမယ်အများကြီးက စားပွဲပေါ်မှာ တစ်ခွက်ပြီး တစ်ခွက် နေရာယူလာသည်။ ဂျီဝန်းအမေက ဟင်းချက်တော်တာပဲ ဟု မက်သရူးတွေးမိ၏။ တစ်ဆက်တည်း မွေးနေ့မှာ မီယောဂုပင် မချက်ကျွေးသော သူ့အမေကို မက်သရူး သတိရမိသည်။
နေ့လယ်စာ မစားခင် သူနှင့် ဂျီဝန်းက အဖေနှင့် အမေကို Anniversary Cake ခွဲခိုင်းသည်။ ဂျီဝန်းတို့ မိသားစုက စည်းစည်းလုံးလုံးနှင့် ပျော်စရာကောင်း၏။
"မက်သရူး ထည့်စားနော်"
ဂျီဝန်းအမေက မက်သရူးကို အသေအချာကို ဂရုစိုက်ပေးသည်။
"သားက ဂျီဝန်းလေး ခေါ်လာဖူးတဲ့ ပထမဆုံး ဧည့်သည်ပဲ သိလား။ သူက အရင်တုန်းက ဘယ်သူ့ကိုမှ အန်တီတို့ဆီကို ခေါ်မလာဖူးဘူး"
YOU ARE READING
Unpredictable Fate
Fanfictionအဖက်ဖက်က ဖိအားတွေများပြီး ပျော်ရွှင်စရာ ကင်းမဲ့နေတဲ့ နာမည်ကြီး မင်းသား ဂင်ဂျီဝန်းရဲ့ ဘဝထဲကို ဆော့ခ်မက်သရူးဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာခဲ့တဲ့အခါ