Unicode
ဆိုးလ် ပြန်ရောက်သည်နှင့် ဂျီဝန်းကို အလုပ်တွေက schedule အပြည့် စောင့်ကြိုနေကြသည်။ ရိုက်ရသည့် ရုပ်ရှင်ကလည်း ကျက်ရသည့် Dialogue တွေ အများကြီးပါတဲ့ ရှေ့နေ ဇာတ်ရုပ်။ CF photoshoot တွေကလည်း ခက်ခဲသည်။ နွေဦးရာသီမို့ အပြင်ဘက် outdoor မှာ လုပ်သည့် ပွဲတွေကလည်း များလွန်းလှသည်။
ဒါပေမဲ့ ဂျီဝန်း ပျော်နေပါသည်။ သူ့မှာ အိမ်လို အချိန်မရွေး ခိုလှုံနိုင်ခွင့်ရှိတဲ့ လူတစ်ယောက် အနားမှာ ရှိနေပြီကိုး။
"ဟျွန်း မနက်စာ စားပြီးပြီလား။ Good Morning »
နှုတ်ခမ်းပုံ emoji လေးပါသော မက်ဆေ့ တစ်စောင် သူ့ ဖုန်းထဲကို ရောက်လာတော့ ကော်ဖီသောက်ပြီး ဇာတ်ညွှန်းကျက်နေရင်း သူ ပြုံးမိသွားသည်။ ဒီကလေးက သူ့ရဲ့ အကြည်ဓါတ်လေး။ ဒီအကြည်ဓါတ်လေး၏ အပြုံးတွေကို ကာကွယ်ပေးဖို့ သူ ဘာမဆို လုပ်မည်ဟု တွေးမိသည်။နေ့ခင်း ပွဲတစ်ခု တက်ပြီးလျှင် ည ရုပ်ရှင် ရိုက်ရမည်။ ပင်ပန်းသည်ဟု တွေးမိသော်လည်း မနက်ဖြန်ညဆိုလျှင် မက်သရူးနှင့် Date ထားသည်။
Fashion show ပွဲ၏ colour code က အဖြူနှင့် အနက် ဖြစ်သောကြောင့် အဖြူဆွတ်ဆွတ်ဝမ်းဆက်ကို သူ ဝတ်ထားခဲ့သည်။ နာမည်ကြီးတွေ အများကြီး လာတာကြောင့် ဆောင်းဟန်ဘင်းကိုလည်း တွေ့ရသည်။ ဟန်ဘင်းကို မြင်တိုင်း မက်သရူးကို သတိရ၏။ သူတို့ ဘယ်လောက်ထိ ရင်းနှီးနေခဲ့ကြတာပါလဲ။ ဟန်ဘင်းကလည်း အနက်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ သူ နှင့် ဟန်ဘင်းကြားထဲမှာ လူတစ်ယောက်စာ နေရာသာ ခြားသည်။
ကျားကွက်ပုံသဏ္ဍာန် ဖော်ထားသော ပွဲ၏ theme သည် အဖြူနှင့် အနက်ချည်း ဖြစ်နေသည်။
သို့သော် ရုတ်တရက် ပွဲထဲမှာ အရောင်တွေ ဝင်းလက်သွားသလို ခံစားလိုက်ရသဖြင့် ဂျီဝန်း ဝင်လာသည့် သူကို ကြည့်မိလိုက်သည်။ အနီရောင်တောက်တောက် အနောက်တိုင်း ဝတ်စုံကို အထဲမှာ ဘာမှမခံဘဲ ကုတ်အင်္ကျီ တစ်ထပ်တည်း ဝတ်ကာ ဝင်လာသော ကောင်လေး တစ်ယောက်။
လည်ပင်းမှာလည်း နှင်းဆီပန်းတစ်ပွင့်အား ကြိုးဖြင့် ချည်ထားသေးသည်။ သိပ်ကို ဆွဲဆောင်မှု ရှိလွန်းသည့် ယောက်ျားတစ်ယောက်ဟု ဂျီဝန်း မှတ်ချက်ချလိုက်မိသည်။
YOU ARE READING
Unpredictable Fate
Fanfictionအဖက်ဖက်က ဖိအားတွေများပြီး ပျော်ရွှင်စရာ ကင်းမဲ့နေတဲ့ နာမည်ကြီး မင်းသား ဂင်ဂျီဝန်းရဲ့ ဘဝထဲကို ဆော့ခ်မက်သရူးဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာခဲ့တဲ့အခါ