ဂျီဝန်း၏ ဖွင့်ပြောခြင်းမမည်သော ဖွင့်ပြောစကားကို မက်သရူးက အတော်လေး အံ့ဩသွားပုံရသည်။ မက်သရူးက ဘာမှ မပြောပါ။
တိတ်ဆိတ်မှုက တဖြည်းဖြည်း ကျယ်လောင်လာသည်။ ပင်လယ်ငှက်တို့၏ အော်သံသဲ့သဲ့ကိုသာ ကြားရ၏။
ကမ်းခြေတစ်နေရာမှာ မက်သရူး ထိုင်ချလိုက်တော့ ဂျီဝန်းကပါ လိုက်ပြီး ထိုင်ချမိသည်။
"အတည်ပြောတာလား"
"ကိုယ့်ပုံစံက စနောက်နေတဲ့ပုံ ပေါ်လို့လား မက်သရူး"
"မသိဘူးလေ၊ ဇာတ်ကားအတွက် ဒိုင်ယာလော့ခ်ကျင့်တယ်ဆိုပြီး နောက်တာ ဖြစ်နေမှာ စိုးလို့။ တကယ်ပြောနေတာဆိုရင်တော့ ကျွန်တော် စဉ်းစားကြည့်ပေးရမှာပေါ့"
မျက်နှာတည်တည်ကလေး ပြောနေသော မက်သရူးကြောင့် ဂျီဝန်း ရင်ထဲ ခုန်လှိုက်သွားရ၏။
"တကယ် ပြောတာပါ မက်သရူး၊ ကိုယ်လေ မင်းကို စတွေ့တဲ့ နေ့ကစပြီး မင်းအကြောင်းပဲ ဆက်တိုက် တွေးနေမိခဲ့တာ"
"မကြောက်မိဘူးလားဟင်၊ ယောက်ျားလေး တစ်ယောက်ကို ဖွင့်ပြောတယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ"
"မကြောက်ပါဘူး ကိုယ်ချစ်တဲ့သူက ယောက်ျားလေး တစ်ယောက် ဖြစ်သွားတာပဲကို"
"မဟုတ်ဘူးလေ ခင်ဗျားတည်ဆောက်ခဲ့တဲ့ သရုပ်ဆောင် ဘဝက တစ်ခုခု လွဲမှားသွားတာနဲ့ အကုန် ပျက်စီးသွားမှာ မဟုတ်ဘူးလား၊ ခင်ဗျားရဲ့ အလုပ်အတွက် မစိုးရိမ်ဘူးလား ဂျီဝန်းဟျွန်း"
"ကိုယ်ကတော့ မင်းနဲ့ဆက်ဆံရေးပျက်စီးသွားမှာပဲ ပိုစိုးရိမ်ပါတယ်"
မက်သရူးက သဲသောင်ပြင်ပေါ် လှဲချလိုက်သည်။ ဂျီဝန်းကပါ လိုက်ပြီး လှဲချမိလိုက်၏။
"ကျွန်တော် စဉ်းစားကြည့်ကြည့်တော့ ဂျီဝန်းဟျွန်းမှာ ငြင်းစရာ အချက်ဆိုလို့ရယ် မရှိဘူးပဲ"
"ဒါဆို မင်းလည်း ကိုယ့်ကို.."
မက်သရူးက ဂျီဝန်းဘက် ခေါင်းစောင်းကာ လက်ကာပြသည်။
"မဟုတ်ဘူး ဒီအတိုင်း အရင်ဆုံး တွဲကြည့်ရအောင်၊ serious feeling တွေ အများကြီး မထားဘဲနဲ့လေ၊ ဂျီဝန်းဟျွန်း ပြောသလို အသက်ကြီးတဲ့ အထိ အတူရှိသွားဖို့ဆိုရင် အခုကတည်းက တစ်ယောက်အကြောင်း တစ်ယောက် လေ့လာထားမှ ဖြစ်မယ်။ ကျွန်တော် ဂျီဝန်းဟျွန်းအကြောင်း ဒီထက်ပိုပြီး အများကြီး သိချင်ပါသေးတယ်"
YOU ARE READING
Unpredictable Fate
Fanfictionအဖက်ဖက်က ဖိအားတွေများပြီး ပျော်ရွှင်စရာ ကင်းမဲ့နေတဲ့ နာမည်ကြီး မင်းသား ဂင်ဂျီဝန်းရဲ့ ဘဝထဲကို ဆော့ခ်မက်သရူးဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာခဲ့တဲ့အခါ