10

516 115 4
                                    

ဂျီဝန်းက ဇာတ်ဆောင်မင်းသမီး၏ နှုတ်ခမ်းကို ခပ်ဖွဖွလေး နမ်းလိုက်သည်။ ပြီးတော့ ခါးကို တင်းတင်းကလေး ဖက်လိုက်၏။

မက်သရူး ဆက်မကြည့်ဖြစ်တော့ပါ။ TV ကို ပိတ်လိုက်၏။ခုနက ဇာတ်ဆောင်နေရာမှာ သူ့ကိုယ်သူ ပြန်မြင်နေမိတာက ဖြစ်တော့ မဖြစ်သင့်ဘူးလို့တော့ ထင်သည်။

မက်သရူးအတွက် ပထမဆုံး အနမ်း ဖြစ်ခဲ့ပေမဲ့ ဂျီဝန်းကတော့ ပထမဆုံး အနမ်းမဟုတ်ဘူးပဲ။

ဒီသုံးရက်လုံး ကျောင်းတက်ချိန်မှ လွဲလျှင် တစ်နေကုန် ဂျီဝန်း၏ ဇာတ်ကားတွေကို ရှာကြည့်နေခဲ့သည်။ ဂျီဝန်း သရုပ်ဆောင်တာကတော့ တကယ်ကောင်းသည်။

ဂျီဝန်း မက်သရူးကို မဆက်သွယ်လာပါ။ မက်သရူးကလည်း မဆက်သွယ်ဖြစ်။ တစ်နေ့က တောင်းပန်သည့် စကားကို သူ့ စိတ်ထဲ အနည်းငယ် မကျေမချမ်း ဖြစ်၍ နေသည်။ အမှန်ဆိုဆို ဒါမျိုးက တောင်းပန်စရာမျိုး မလိုပေ။ သူ့ ခံစားချက်ကို ဂျီဝန်း  မသိတာ တကယ်ပဲလား။ မက်သရူး ဂျီဝန်းကို ချစ်မိသွားတာကတော့ သေချာပါသည်။

လူတစ်ယောက်ကို ချစ်မိသွားတာက အတော်လေး ပျော်စရာကောင်းပါသည်။ ဂျီဝန်းအကြောင်းတွေးလိုက်တိုင်း ရင်ထဲမှာ လိပ်ပြာတွေ ပျံဝဲနေသလို ခံစားရသည်။ ဂျီဝန်းနှင့်သာဆိုလျှင် ဘာမဆို ရင်ဆိုင်နိုင်မည့် အတွေးမျိုးတွေ ပေါ်လာသည်။ ဂျီဝန်း မျက်နှာလေးကို ဘယ်နေရာမှာ မြင်မြင် သူ ပျော်သည်။ မက်သရူး၏ အိပ်မက်တွေမှာ ဂျီဝန်းက စိုးမိုးနေပြီ။

အိမ်တံခါး ခေါင်းလောင်းသံကို ခပ်ကျယ်ကျယ် ကြားလိုက်ရသည်။ မျက်လုံးကို ဖွင့်လိုက်ရင်း တံခါးသံက အိပ်မက်လား တကယ်လားလို့ မက်သရူး စဉ်းစားလိုက်မိသည်။

နာရီကို ကြည့်လိုက်တော့ မနက် ၅ နာရီ။ နောက်တစ်ကြိမ် တံခါးသံကို ထပ်ကြားရသည်။ ဒီလောက်အစောကြီး သူ့ဆီကို လာနိုင်သည့်သူ မရှိပါ။ သောကြာနေ့ညမို့ မနေ့ညက ဂျီဝန်း ဇာတ်ကားတွေ ရှာကြည့်ရင်း ညဉ့်နက်သွားခဲ့သည်။

"ဘယ်သူလဲ"

TV မျက်နှာပြင်မှာ ပေါ်လာသည်က ဂျီဝန်း။ မက်သရူး အံ့ဩသွားရသည်။

Unpredictable FateWhere stories live. Discover now