6

460 114 8
                                    

မျက်လုံးဖွင့်လိုက်သည့်အခါ ခေါင်းက ရီဝေဝေမူးနေတာကို သိလိုက်၏။ ဖြူဖျော့သော အလင်းရောင်က ရုတ်တရက် တိုးဝင်လာ၍ မက်သရူး မျက်လုံးကို ပြန်ပိတ်လိုက်မိ၏။ နူးညံ့အိစက်သော နေရာက သူနှင့် ရင်းနှီးမနေ။

သေချာစဉ်းစားကြည့်မှ မနေ့က ဂျီဝန်းဟျွန်းနှင့် အတူတူ သောက်ခဲ့တာကို သတိရသည်။ စကားတွေ အများကြီး ပြောခဲ့သော်လည်း ဘာတွေ ပြောခဲ့မှန်း မမှတ်မိ။ နေပါဦး သူ ဘယ်လိုလုပ် အိပ်ရာပေါ်ရောက်လာခဲ့တာလဲ။

"မက်သရူး နိုးပြီလား"

သူ အပြင်ထွက်လာတော့ မနက်စာ ပြင်နေပုံရသည့် ဂျီဝန်းကို မီးဖိုခန်းထဲမှာ တွေ့ရသည်။ ဆွယ်တာအင်္ကျီ အဖြူဆွတ်ဆွတ်ကို ဘောင်းဘီရှည်အပျော့သားနှင့် တွဲဝတ်ထားသည့် ဂျီဝန်းဟျွန်းက အတော်လေး ကြည့်ကောင်းလှသည်။ မနက်ခင်းမှာ ဂျီဝန်းကို မြင်လိုက်ရတာကကြည်လင်လန်းဆန်းစရာ။

တွန့်ကွေးသွားသော ဂျီဝန်း၏ အပြုံးကို ငေးရင်း မက်သရူး မနေ့ညက အိပ်မက်ကို သတိရပြီး ရယ်ချင်စွာ ပြုံးမိသွားသည်။ ဂျီဝန်း၏ နှုတ်ခမ်းဖျားက သူ့ နှုတ်ခမ်းဖျားနှင့် ထိကပ်သွားသည်ဆိုသော အိပ်မက်မျိုးက မဖြစ်နိုင်စရာကောင်းလှသည်။ သူ သိပ် မူးသွားခဲ့တာပဲ။

"အမူးပြေ စွပ်ပြုတ် ပြုတ်ထားတယ်၊ လာသောက်ဦး"

"ဒီနေ့ schedule ရှိတာလား ဂျီဝန်းဟျွန်း"

"ရှိတယ် နေ့လယ်မှ"

သူ့အကြည့်ကို လွှဲဖယ်ရင်း ဂျီဝန်းက ဖြေသည်။

"ကျွန်တော်လည်း ဒီနေ့ အားတယ်၊ ဒါပေမဲ့ အိမ်ပြန်ရမှာ၊ အိမ်ကလူတွေနဲ့ တစ်ပတ်တစ်ခါ ညနေစာ အတူတူစားရတယ်လေ"

သူက ရင်းနှီးသွားအောင် ပြောလိုက်ပေမဲ့ဂျီဝန်းက ဘာမှတ်ချက်မှ မပေးပါ။ ကော်ဖီကိုသာ ဆက်ဖျော်နေသည်။

"ဒါဆို ဂျီဝန်းဟျွန်းက ဟျွန်းနဲ့ သိတယ်လား၊ ဟျွန်းဆိုတာက ဟန်ဘင်းဟျွန်းကို ပြောတာပါ"

"သိတယ်"

"ကျွန်တော် မနေ့က ဘယ်လို အိပ်ပျော်သွားမှန်းတောင် မသိဘူး၊ အိပ်ခန်းထဲထိ ဂျီဝန်းဟျွန်း လိုက်ပို့ပေးတာလား"

Unpredictable FateWhere stories live. Discover now