Unicode
မက်သရူး ထိုင်နေရာကနေ ထပြီး ချက်ချင်းပြေးလိုက်သွားမိသည်။ ဂျီဝန်းက ကော်ရစ်ဒါကနေ တစ်ဆင့် ကျောင်းအပြင်ကိုတောင် ပြန်ရောက်တော့မည်။ သူ့ပရိသတ်တွေကြားထဲကနေ ဒီနေရာကို တစ်ယောက်တည်း ဘယ်လိုရောက်လာခဲ့သလဲ။
သူ အသံကုန် အော်ဟစ်လိုက်မိသည်။
"ဂျီဝန်းဟျွန်း ခဏလေး"
ဂျီဝန်းခြေလှမ်းတွေက ခဏတော့ တုံ့ဆိုင်းသွားသည်။ ပြီးတော့ ခပ်သွက်သွက် လျှောက်သွားသည်။ မက်သရူး ပြေးလိုက်သွားပေမဲ့ ဂျီဝန်းက မန်နေဂျာနားရောက်သွားပြီ ဖြစ်သည်။
အပြင်ရောက်တော့ သူတို့အဆောင်ရှေ့မှာ "ရိုက်ကူးရေးရှိသည် မဝင်ရ"လို့ ရေးထားသည့် စာတန်းကိုမြင်မှ ကျောင်းဆောင်ထဲမှာ ရိုက်ကူးရေးလုပ်မှာမို့ ဂျီဝန်းတစ်ယောက်တည်း နားနေခန်းကို ရောက်လာတာ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
"ဂျီဝန်းဟျွန်း"
သူ အော်ဟစ်လိုက်သည်။ ဂျီဝန်းက မျက်နှာထားတင်းတင်းနှင့် သူ့ကို စိုက်ကြည့်သည်။ မန်နေဂျာက ပရိသတ်ထင်ပြီး သူ့ကို အနားပေးမကပ်။ ဂျီဝန်းကလည်း သူနှင့် အသိလို့ ဝင်မပြော။မက်သရူး ဘာမှ မတတ်နိုင်ဘဲ ရိုက်ကူးရေး လုပ်နေတာကိုသာ အဝေးက ငေးကြည့်နေလိုက်ရတော့သည်။ စိမ်းကားသော ဂျီဝန်းမျက်ဝန်းတွေက သူ့ကို နာကျင်စွာ ခံရခက်စေသည်။ ဘာကြောင့်မှန်း မသိပေမဲ့ ဂျီဝန်း သူ့ကို စိတ်ဆိုးသွားတာ သေချာသည်။ ဘယ်လိုလုပ်ပြီး ပြေလည်အောင် လုပ်ရမလဲ။
***
"ဂျီဝန်းရေ ဒီနေ့ surprise schedule ရှိပြန်ပြီကွာ"
ရုတ်တရက် ပေါ်လာတတ်သည့် အရေးကြီး အချိန်ဇယားများကို မန်နေဂျာအစ်ကိုက surprise schedule ဟု ခေါ်တတ်သည်။ ဂျီဝန်း မျက်ခုံးတွေ ပင့်သွားရ၏။ တစ်နေကုန် စိတ်ရှုပ်ထွေးနေခဲ့၍ ညနေခင်း နားမည်ဟု တွေးထားခဲ့သောကြောင့် မန်နေဂျာစကားကို ကြားကြားချင်း သူ စိတ်ပျက်သွားရသည်။"ဘယ်သူနဲ့လဲ"
"PLANS နဲ့ပါ သူဌေးက မင်းနဲ့ တွေ့ဖို့ အနူးအညွတ်တောင်းဆိုထားလို့"
YOU ARE READING
Unpredictable Fate
Fanfictionအဖက်ဖက်က ဖိအားတွေများပြီး ပျော်ရွှင်စရာ ကင်းမဲ့နေတဲ့ နာမည်ကြီး မင်းသား ဂင်ဂျီဝန်းရဲ့ ဘဝထဲကို ဆော့ခ်မက်သရူးဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာခဲ့တဲ့အခါ