9

543 115 5
                                    

မက်သရူးနောက်ကနေ ထပ်ကြပ်မခွါ လိုက်လာခဲ့ပြီးမှ သူ့အိမ်ရောက်သည့်အခါ အိမ်ထဲမှာ ဆောင်းဟန်ဘင်းကို တွေ့လိုက်ရတော့ ဂျီဝန်း အတော်လေး စိတ်ရှုပ်သွားမိသည်။ ဒီအချိန်မှာ မက်သရူးကလွဲပြီး ဘယ်သူ့ကိုမှ သူ မတွေ့ချင်ပါ။ ဆိုဖာပေါ်မှာ ခပ်ငိုက်ငိုက် ထိုင်နေကာ သူ့ကို တစ်ချက်မှ မကြည့်သည့် မက်သရူးကို နှုတ်ဆက်စကား တစ်ခွန်းမှ မဆိုနိုင်ဘဲ သူ အခန်းထဲက ပြန်ထွက်လာရသည်။

သူ့လိုပဲ မက်သရူးလည်း စိတ်ရှုပ်ထွေးနေမှာ သေချာပါသည်။

အဖြစ်အပျက်တွေက မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ တစ်နေ့ညက မတော်တဆ နမ်းမိသွားတာကို မက်သရူးက သိနေသည်တဲ့။ ပြီးတော့ သူ့ကို ဓါတ်လှေကားထဲမှာ..။

တစ်လမ်းလုံး နှုတ်ခမ်းပါးကို လက်ဖြင့် ခပ်ဖွဖွထိတွေ့ရင်း ဘာကိုမှ မစဉ်းစားနိုင်သဘဲ အတွေးတွေက ဗလာဖြစ်နေခဲ့သည်။

မက်သရူးကလည်း သူ့အပေါ် ခံစားချက်တွေ ရှိနေခဲ့သလား။

အဲသည် ဓါတ်လှေကားထဲမှ ပြင်းရှသော အနမ်း၏ အဆုံးသတ်တွင် သူ့ခေါင်းထဲ ရောက်နေသည့် အတွေးမှာ ဒီအနမ်းကို မရပ်တန့်ချင်ဘူး ဆိုတာကိုပါပဲ။
သူ မရပ်တန့်ချင်မှတော့ ဘာလို့ ရပ်တန့်ပစ်ရမလဲ။ မက်သရူးက "တစ်နေ့ညက အကြွေးကို ပြန်ယူတာ" ဟု ခပ်ရှရှဆိုသည်။ အဲသည်အချိန်မှာ သူ ဓါတ်လှေကားထဲက မထွက်ဘဲ အဆင်းခလုတ်ကို ပြန်နှိပ်မိလိုက်၏။

ရုတ်တရက် သတိဝင်လာသလို ပြူးကျယ်သွားသည့် မက်သရူး၏ အကြည့်တွေကို သူ ဂရုမစိုက်မိတော့ပါ။ ခါးကို တင်းတင်းကလေး ဖမ်းဆွဲလိုက်၏။ သူ့ထက် အရပ်နိမ့်သော မက်သရူးက သူ့ ရင်ခွင်ထဲ အလိုက်သင့်လေး ရောက်လာခဲ့သည်။

ခုနက ရဲတင်းထားသည်မှာ သူမဟုတ်သည့်အလား ငြိမ်ကုပ်နေသည့် ကောင်လေးကို သူ ပညာပေးမှ ရမည်။

ဓါတ်လှေကား ပိတ်သွားချိန်တွင် မိနစ်ပိုင်းအတွင်းက ထိတွေ့ခဲ့သော နှုတ်ခမ်းတွေကို ပြန်လည် ထိတွေ့ပစ်လိုက်သည်။ ခုနကထက် အဆပေါင်းများစွာ ပိုပြီး ကြမ်းရှ ပြင်းထန်သော အနမ်းများက ပီပြင်စွာ ပုံပေါ်လာခဲ့သည်။

Unpredictable FateWhere stories live. Discover now