14

711 101 11
                                    

မက်သရူး စိတ်တွေ နောက်ကျိ ရှုပ်ထွေးနေခဲ့သည်။ ကျန်းဟောက်နာမည်ကြားရတိုင်း သူ ရင်ထဲ အမည် မဖော်နိုင်သော် ခံစားချက်မျိုးကို ရ၏။ လျှို့ဝှက်ပြီး ထွေပြားတဲ့ ခံစားချက်မျိုးလေ။

ငယ်ငယ်က သူနှင့် ကျန်းဟောက် ကျောင်းအတူတူ တက်ခဲ့ဖူးသည်။ ကျန်းဟောက်က သူ့ရဲ့ စီနီယာ။ သူတို့ မိဘတွေက အဲသည် အချိန်တုန်းက စီးပွါးဖက်တွေ။ ဒါပေမဲ့ နောက်ပိုင်း သူတို့ နည်းနည်း အသက်ကြီးလာသည့် အချိန်တွင် လုပ်ငန်းတွေ ခွဲထွက်ပြီး ပြိုင်ဘက်သဘောမျိုး ဖြစ်သွားခဲ့သည်။ အလယ်တန််း ပထမနှစ်လောက်အထိ အနည်းငယ် ခင်မင်ခဲ့သော ကျန်းဟောက်နှင့်လည်း ဝေးကွာသွားခဲ့၏။

သို့သော် နောက်ပိုင်း သူနှင့် ဟန်ဘင်း ခင်လာပြီး သူကလည်း အနည်းငယ် ဟန်ဘင်းအပေါ် ထင်ထားတာထက် ပိုမို ခင်တွယ်မိသွားချိန်တွင် ကျန်းဟောက်သည် သူတို့ နှစ်ယောက်ကြားထဲ ဝင်လာခဲ့၏။ သူ ခင်တွယ်သော ဟန်ဘင်းက ကျန်းဟောက်နှင့် တတွဲတွဲ ဖြစ်နေတာကို သူ ခပ်ဝေးဝေးကနေပဲ ငေးကြည့်ခဲ့ရ၏။

ကြည့်ပါလား။ မက်သရူးအဖေ ကုမ္ပဏီက Ambassador ခန့်ထားသည့် ဟန်ဘင်းကို သူတို့ကုမ္ပဏီဆီ အရ ယူသွားခဲ့သေး၏။

အခု ဂျီဝန်း။

ဂျီဝန်းသည် သူ့ဘဝမှာ ပထမဆုံး ချစ်မြတ်နိုးမိသူ ဖြစ်၏။ ဘာအကြောင်းကြောင့်နှင့်မှ ဂျီဝန်းနှင့် မဝေးကွာလိုပါ။ အခု ကျန်းဟောက်နာမည်နှင့် ဂျီဝန်းကို တွဲပြီး ကြုံလိုက်ရခြင်းသည် သူ့အတွက် အန္တရာယ် အငွေ့အသက်ဖြစ်၏။

ရိုက်ကွင်းမှာတွေ့ပြီးလျှင် အိမ်ပြန်မည်ဟု တွေးထားခဲ့သော်လည်း မက်သရူး ဂျီဝန်းကို စိတ်မချတော့ပါ။

ရိုက်ကွင်းပြီးသည်အထိ သူ ဘေးက ပလက်ဖောင်းမှာ လမ်းလျှောက်ရင်း စောင့်နေခဲ့၏။ သူ့ ဖုန်းက အသံမြည်လာသည်။

ကြည့်လိုက်တော့ ဟန်ဘင်း။

"မက်သရူး ငါ မင်းကို ပြောစရာရှိတယ် တွေ့ရအောင်"

"ဟျွန်း ကျွန်တော် ဒီနေ့ မအားဘူး"

"မဟုတ်ဘဲနဲ့၊ မင်းကို ဂင်ဂျီဝန်းရိုက်ကွင်းနားက ပလက်ဖောင်းမှာ လမ်းလျှောက်နေတာ ငါ မြင်နေရတယ်"

You've reached the end of published parts.

⏰ Last updated: May 20, 2023 ⏰

Add this story to your Library to get notified about new parts!

Unpredictable FateWhere stories live. Discover now