"တွေ့ရတာ၀မ်းသာပါတယ်'
မှောက်မိုက်တဲ့ညဘက်ခင်း၀ယ်
ကမ်းစပ်တစ်ခုနားမှာ တောင့်တောင့်ဖြောင့်ဖြောင့်
လူအုပ်စုနှစ်စု.......။"တွေ့ရတာ၀မ်းသာပါတယ်တွေ ဘာတွေ
မိတ်ဆက်ဖို့လာတာမဟုတ်ဘူး
ဆေးတွေပေး'တစ်ဖက်က အမေရိကန်လူမျိုးကို
ခပ်ပြတ်ပြတ်သာပြောပြီး တောင်းလိုက်သည်။"ဟေ့ရောင်တွေ ပေးလိုက်'
သူ့ရှေ့လာချတဲ့ဗူးကြီးကြီးတွေကို
ထယ်ယောင်း သူ့လူတွေကိုစစ်ခိုင်းလိုက်သည်။"အကုန်ပြည့်ပါတယ်သူဌေး'
"အင်း ဟုတ်ပြီ'
ထယ်ယောင်း တစ်ဖက်ကအမေရိကန်လူမျိုးထဲကခေါင်းဆောင်ဆိုသူကို ငွေထုတ်ပစ်ပေးလိုက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့လက်ပြင်လိုက်တော့
တစ်ဖက်ကထိုခေါင်းဆောင်ကမျက်ခုံးမြင့်တက်
သွားသည်။ခုနကတွေ့ရတာ၀မ်းသာပါတယ်အပြောမခံတာ
သူမဟုတ်သလိုပဲ။ကင်မ်ထယ်ယောင်းက မူးယစ်ဆေးတွေကို
နိုင်ငံခြားကနေမှောင်ခိုပြီး ဒီကနာမည်ကြီးတွေ၊
သူဌေးတွေမဟုတ်ရင် သူတို့သားသမီးတွေကို
ဖောက်သည်ပြန်ချသည်။ဒီအလုပ်ကိုသတိနဲ့ထားလုပ်ရလားဆို
အနည်းငယ်သာပါပဲ။ရဲတွေကိုလည်း
ထယ်ယောင်းမကြောက်ပေ သူ့နောက်မှာ
ကာကွယ်ပေးမယ့်သူ့ရည်းစားတစ်ယောက်လုံး
ရှိနေတာကြောင့်ပင်။ကိစ္စအကုန်ပြီးတော့ ထယ်ယောင်း
မူးယစ်ဆေးတွေပါတဲ့ထိုဗူးတွေကို ဖောက်သည်
တွေဆီသေချာဂရုတစိုက်မှာမို့သူ့လူတွေကို
အမိန့်ပေးပြီး နေရာတစ်ခုဆီသို့
ဆက်လာခဲ့သည်။_________________________________________
"သခင်လေး အိမ်ထဲမှာသူဌေးစောင့်နေပါတယ်'
အိမ်တော်တစ်ခုသို့ထယ်ယောင်း
ရောက်လာသည်။ အိမ်ထဲ၀င်တာနဲ့
ဧည့်ခန်းမှာ သူ့ချစ်သူဂျွန်ဂျောင်ကုက
စာရင်းတွေနဲ့ထပ်ရှုပ်နေပြန်သည်။"ထယ် လာလေ'
သူလာတာတွေ့တာနဲ့ဂျောင်ကုက
စာရင်းတွေအကုန်ဘေးပို့လိုက်ကာ
ခေါ်တော့ ထယ်ယောင်းပေါင်ပေါ်
ထိုင်လိုက်သည်။