"ဆာရာ..ဆာရာ ဟင့်အင်း
အဲ့လိုဖြစ်လို့မရဘူးလေ ဆာရာ!!'ဆာရာ့ကိုဖက်ကာငိုကြွေးနေတဲ့
ထယ်ယောင်းဟာရင်တွေကွဲကြေနေပုံရပါသည်။ဒါဆို...ဂျောင်ကုကဒီထက်အဆတစ်ရာ
နာကျင်နေခဲ့ရတုန်းကကော။"သူသေသွားပြီ ထယ်
အခုမင်းနဲ့ကိုနဲ့တူတူနေနိုင်တော့မယ်'ဂျောင်ကုအစကဆာရာကိုသတ်ဖို့
စိတ်ကူးမရှိသေးပေ။ထွက်သွားဖို့လုပ်နေတဲ့
ထယ်ယောင်းကြောင့်သာသတ်လိုက်ရခြင်းပငိ။"ရူးနေတာလား ဂျွန်ဂျောင်ကု!
ငါမင်းကိုမချစ်တော့တာကြာပြီ'"အဲ့စကားကိုမပြောနဲ့ကင်မ်ထယ်ယောင်း'
အော်ပြောနေတဲ့ဂျောင်ကုဟာအရူးတစ်ယောက်လိုစိတ်လွတ်ကိုယ်လွတ်ပင်။
"ငါမင်းနားလုံး၀မနေနိုင်ဘူး'
ထယ်ယောင်းကသေဆုံးနေတဲ့ဆာရာ့
အလောင်းကိုဘေးချကာ ထပြီး
ထွက်သွားဖို့ပြင်သည်။"ထယ် မသွားနဲ့မင်းငါနဲ့နေရမှာ!'
မကြားချင်ယောင်ဆောင်ကာ
ထွက်သွားနေတဲ့ထယ်ယောင်းကိုဂျောင်ကု
ပြုလုပ်လိုက်သည်က...*ဒိုင်း!*
"သူဌေး!မလုပ်နဲ့'
"အ့'
ထယ်ယောင်းရင်၀တည့်တည့်ကို
ဂျောင်ကုသေနတ်နဲ့ပစ်သတ်လိုက်ခြင်း။ဂျိုးတစ်ယောက်တော်တော်လန့်သွားသည်။
သူဌေးဂျွန်ဒီလိုလုပ်မယ်လို့မထင်ခဲ့တာအမှန်ပင်။လဲလျောင်းကာ သွေးတွေစီးကျနေတဲ့
ထယ်ယောင်းက မရရအောင်ဆာရာ့
လက်ကလေးကိုတွဲထားရှာသည်။"သူ့လက်ကိုမတွဲနဲ့ဖြုတ်စမ်း'
အရူးလိုဖြစ်နေတဲ့ဂျောင်ကုကတော့
ထယ်ယောင်းကိုဖက်လိုက်ပြီး
ဆာရာနဲ့တွဲထားတဲ့လက်ကိုဖြုတ်လိုက်သည်။"ကိုယ် ပြောတယ်မို့လားကို့စကားကို
နားထောင်ပါလို့ ကိုအခုတော့ပစ်မိ
သွားပြီ ဟမ် စကားနားမထောင်တဲ့
ကိုယ့် ခေါင်းလုံးလုံးလေး'ဂျွန်ဂျောင်ကုကထယ်ယောင်းကို
ပစ်သတ်လိုက်တာကို အနာသေးသေးလေး
ထိသွားသလိုပြောနေသည်။