"ဘာတွေပြောနေတာလဲ ဆာရာ'
ထယ်ယောင်းတစ်ယောက်ဆာရာ့ဆီ
လာလည်တုန်း ရုတ်တရက်ကြီးဆာရာက
ဂျောင်ကုကအတိတ်မေ့နေတာဆိုတာ
လိမ်နေတာဆိုတာကိုကြားပြီး
ထပြောမိသည်။"ကျွန်မအတည်ပြောနေတာ အစ်ကိုက
ဘာလို့မယုံရတာလဲ'"ဂျောင်ကုကကို့ကြောင့်ထိခိုက်သွားတာလေ
ဆာရာရဲ့ အဲ့လိုမဟုတ်တမ်းတရားတွေ
မပြောပါနဲ့'"မဟုတ်ဘူး အစ်ကို...'
"ဆာရာ ကိုပြောနေတယ်လေတော်ပြီလို့'
ဆာရာတစ်ယောက် ထယ်ယောင်းစိတ်တို
ချင်နေပြီဆိုတာသိတာမို့ မပြောတော့ပေ။"ကိုတောင်းပန်ပါတယ်
အော်မိသလိုဖြစ်သွားရင်'"မဟုတ်တာ အစ်ကို့အမှားမဟုတ်ပါဘူး'
ခနကြာတော့ထယ်ယောင်းပြန်သွားသည်။
ဆာရာလည်းပျင်းပျင်းနဲ့အနီးကမုန့်ဆိုင်မှာ
မုန့်သွားစားဖို့လမ်းကူးနေတုန်း
သူ့ဆီတန်းတန်းလာနေတဲ့ကားကိုမြင်ပြီး
လန့်ကာလမ်းမတွင်ထိုင်ချမိလိုက်သည်။*ကျွီ*
ထိုကားကသူမကိုတိုက်မိဖို့နည်းနည်း
အလိုမှာရပ်သွားသည်။ဆာရာလန့်လန့်ဖြင့်
မတ်တပ်ရပ်ကာ ကြည့်မိတော့
ကားထဲကလူက mask တပ်ထားသည်
တစ်ကိုယ်လုံးလည်းအနက်တွေဖြင့်သာ။ဒါပေမယ့် မျက်၀န်းတွေ...ဆာရာ့ကို
အကြည့်စူးစူးဖြင့်ကြည့်နေတဲ့ထိုမျက်၀န်း
တွေကိုဆာရာမှတ်မိသည်။
ဒါ ဂျွန်ဂျောင်ကုပဲ။ဆာရာကြောင်ကြည့်နေတုန်း
ထိုကားကပြန်လှည့်သွားသည်။
ဆာရာခပ်မြန်မြန်ပင်ထယ်ယောင်းကို
ဖုန်းခေါ်ကြည့်တော့ထယ်ယောင်းက
အိမ်ပြန်နေတဲ့လမ်းမှာပဲဆိုလို့ ဖုန်းချကာ
ဂျောင်ကုအိမ်သို့ဆာရာခပ်မြန်မြန်
ရောက်လာခဲ့သည်။"အစ်ကိုရေ!အစ်ကို'
ဆာရာခပ်မြန်မြန်ပင် ခြံထဲဝင်တော့
အိမ်အ၀မှာ ဂျိုးကသူ့ကိုရပ်ကာ
မသတီသလိုကြည့်နေသည်။ဆာရာလာတော့ဖယ်ပေးသည်။
ဆာရာလည်းဂရုစိုက်မနေပဲ
ထယ်ယောင်းရှိရာသာလာလေတော့
ဇာတ်ကားတူတူကြည့်နေကြတဲ့
ဂျောင်ကုနဲ့ထယ်ယောင်း....။