ဆာရာပြောမှ ထယ်ယောင်းအဲ့အချက်ကို
တွေးမိသည်။ဆာရာ့မှာအခုကလေးပါ
ရှိလာပြီမို့ ထယ်ယောင်းလက်ထပ်ရမည်လေ။"ဟုတ်တာပဲ ကိုမေ့နေခဲ့တာ
တောင်းပန်ပါတယ်ကိုအရေးကြီးဆုံး
အချက်ကိုမှမေ့နေခဲ့တာ'"မလိုတာအစ်ကိုရ
ဆာရာလည်းမေ့နေခဲ့တာပဲ'ထယ်ယောင်းဆာရာ့ကိုတစ်ချက်
နမ်းလိုက်သည်။အင်းအခုထိတော့အကုန်
ပြေနေတာပဲ ဂျောင်ကုအတိတ်မေ့နေ
သရွေ့ပေါ့။ညနေခင်းပိုင်း ထယ်ယောင်းတို့
အထုတ်အနည်းငယ်ယူကာ ဂျောင်ကုအိမ်သို့
ရောက်လာကြသည်။ထယ်ယောင်းတို့လာတာနဲ့ဂျိုးက
ဆာရာ့အထုတ်တွေကိုယူပေးပြီး
ဆာရာ့အခန်းထိပို့ပေးသည်။
ဂျောင်ကုကထွက်တွေ့လားဆို
မတွေ့ပေ။သူ့အပေါ်ထပ်ခန်းကနေသာ
ခြံထဲ၀င်လာတာကြည့်ပြီး နေနေလိုက်သည်။"ဂျိုး ဂျောင်ကုကော'
"သူဌေးဂျွန်ကအိပ်နေပါတယ်
ဆာရာ့ဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ပေးဖို့
ကျတော့်ကိုပြောထားတာမို့မပူပါနဲ့'"အာအဲ့လိုမဟုတ်ပါဘူး
သူနေမကောင်းရင်ပြီးမှသွားကြည့်လိုက်မယ်
ဆာရာ့ကိုသူ့အခန်းပို့ပေးလိုက်ဦးမယ်
အထုတ်တွေထားထားပြီးပြီမို့လား'"ထားပြီးပါပြီ'
ထယ်ယောင်းဆာရာ့ကိုခေါ်ကာ
အိပ်ခန်းထဲလိုက်ပို့လိုက်သည်။
ဆာရာ့အခန်းက ဂျောင်ကုအခန်းရဲ့
တစ်ခန်းကျော်မှာပင် ထယ်ယောင်းအခန်း
နဲ့ဆိုဘေးကပ်ရပ်ပင်ထားထားပေးတာ
ကြောင့်ထယ်ယောင်းဂျောင်ကုကိုကျေးဇူး
တင်မိသည်။"ကလေးလေး ဒီမှာနားလိုက်ဦး'
"ရတယ်အစ်ကို
ဆာရာပြေတယ်'"ခနနေညစာစားကြမယ်
အဲ့ကျမှဂျောင်ကုနဲ့တွေ့တော့ သူအိပ်နေ
တာနေမယ်'တစ်ကယ်ကဂျွန်ဂျောင်ကုဟာထိုမိန်းမကို
မမြင်ချင်လို့အခန်းတွင်းသာအောင်းနေ
ခဲ့တယ်ဆိုပါလျှင်...။"ဟုတ်ပြီ ဆာရာရေချိုးလိုက်ဦးမယ်'
ဆာရာနဲ့ပြောပြီး ထယ်ယောင်း
အောက်ထပ်ဆင်းကာအားနေတာနဲ့
ဂျိူးနဲ့တူတူညစာဝိုင်းပြင်ပေးနေလိုက်သည်။