ဒီနေ့ ထယ်ယောင်းနဲ့အန်နာ တို့ရဲ့အစီအစဉ်
စမှာပင် ညနေပိုင်းမှမို့လို့ ဂျောင်ကု
ဘန်ကောက်ကသူတွေနဲ့အစည်းအဝေး
လုပ်နေတုန်း ထယ်ယောင်းမပြောမဆို
အိမ်ကထွက်လာလိုက်သည်။ သူမသိတာက
ဂျောင်ကုကပါသူ့နောက်ကလိုက်လာတာကိုပင်။ဒီနေ့က Sunday ဖြစ်တာကြောင့်
ဆာရာတစ်ယောက် အလုပ်မသွားရမှန်း
ထယ်ယောင်းကောင်းကောင်းသိလေသည်။"အစ်ကိုထယ်ယောင်း ထပ်ပြီး
ဘာလာလုပ်ပြန်တာလဲ'"မနေ့ကလောနေတာနဲ့
ကိုမင်းကိုသေချာမချော့လိုက်ရဘူးမို့လား'"မလိုပါဘူး'
ပြောပြီးပြီးချင်းဆာရာတံခါးပိတ်မလို့
လုပ်ပေမယ့်ထယ်ယောင်းက မြန်စွာပင်
တံခါးကိုပြန်ဆွဲလိုက်သည်။"ကျေးဇူးပြုပြီး နားထောင်ပေးပါ'
မျှော်လင့်ချက်မျက်၀န်းတွေနဲ့ကြည့်နေခဲ့တဲ့
ထယ်ယောင်းကို ဆာရာမလွန်ဆန်နိုင်ခဲ့ပေ။အနီးနားကစားသောက်ဆိုင်တစ်ခုကို
ထယ်ယောင်းနဲ့ဆာရာဆိုတဲ့မိန်းမ ၀င်သွား
တော့ဂျောင်ကုပါမသိမသာလိုက်သွားရင်း
သူတို့ဝိုင်းနားနဲ့ခပ်နီးနီးမှာကျောပေးကာ
ထိုင်ပြီးပြောတာတွေကိုနားထောင်နေလိုက်သည်။"ဆာရာ ကို့ဆီပြန်လာခဲ့ပါ'
"ဟင့်အင်း ကျွန်မပြန်မလာနိုင်ဘူး
တောင်းပန်ပါတယ် ကျေးဇူးကြွေးတွေရှိခဲ့တာ
မှန်ပေမယ့် ဒီစကားပဲပြောနိုင်တယ်'"ကိုတို့ချစ်လို့တောင်အတူအိပ်ခဲ့ကြ
ပြီးပြီလေ'".....'
"ဆာရာ မင်းကိုယ့်ကိုမချစ်ဘူးလား ? ဟင်'
ထယ်ယောင်းတစ်ယောက် ဆာရာ့လက်လေး
တွေကိုကိုင်ရင်းမေးလေတော့
ဆာရာတစ်ယောက် မျက်မှာကိုတစ်ဖက်အား
လှည့်ကာ။"ဒီအချိန်မှာဒါမျိုးတွေက အသုံးမ၀င်ဘူးလေ
အစ်ကိုထယ်ယောင်း'"ဘာလို့အသုံးမ၀င်ရမှာလဲ ဆာရာ
သေချာပေါက်အရေးအကြီးဆုံး
စကားပဲလေဒါက'ထယ်ယောင်းကိုင်ထားတဲ့လက်ကို
ဆာရာ ရုန်းလိုက်ရင်း။"တော်သင့်ပြီ'