"ဟင် အကိုထယ်ယောင်း'
ဆာရာတစ်ယောက်မနက်ခင်းကြီး
တိုက်ခန်းထဲမှာ မနက်စာပြင်ပေးနေတဲ့
အစ်ကိုထယ်ယောင်းကြောင့် ပျော်သွားသည်။"အင်း ဆာရာ မင်းမနက်စာမစားရသေးဘူး
ထင်လို့ ကို၀ယ်လာလိုက်တာ'ဆာရာတစ်ယောက် တံခါးပိတ်ထားတာကို
ဘယ်လို၀င်လာလဲမမေးမိ ဒါကအကိုထယ်ယောင်းတိုက်ခန်းမို့ သော့အပိုဆိုတာရှိမှာ
သိပြီးသားမို့ပင်။"ကျေးဇူးတင်ပါတယ် အကို
စားလို့ကောင်းတယ်'မနက်စာစားလို့အပြီး ဆာရာတစ်ယောက်
အစ်ကိုထယ်ယောင်းကိုကျေးဇူးတင်စကား
ပြောလေတော့ အစ်ကိုထယ်ယောင်းဆီက
အပြုံးကြီးကြီးတစ်ခုရလိုက်သည်။"ဆာရာ မင်းဒီနေ့လုပ်စရာမရှိဘူးမို့လား'
"မရှိပါဘူး အစ်ကိုထယ်ယောင်း'
ဟုတ်တာပဲ။ဆာရာက သူ့ဆီနေနေရတဲ့လူလေ
ဘလိုလို့အလုပ်ရှိမှာလဲ။'ဒါဆိုကိုယ်မင်းကိုအ၀တ်အစားတချို့
လိုက်၀ယ်ပေးမယ်လေ'"အာ..အားနာစရာကြီးရယ်'
"ကိုတို့ကြားအားနာဖို့မလိုပါဘူး'
ဆာရာတစ်ယောက် အစ်ကိုထယ်ယောင်းအပေါ်
နစ်၀င်သထက်နစ်၀င်နေမိပြီ။ဒါပေမယ့်
ဘယ်လိုရှေ့ဆက်ရဲမှာလဲ အစ်ကိုထယ်ယောင်း
ကသူ့လိုအိမ်ခြေရာမဲ့တစ်ယောက်ကို
ကူညီထားတာနဲ့တင် ကျေးဇူးတရားတွေ
ကြီးလွန်းနေလှပြီလေ။"ဟေး ဘာတွေတွေးနေတာလဲ'
"အာ..ဘာမှမဟုတ်ပါဘူး
သွားကြတာပေါ့'ဆာရာနဲ့ထယ်ယောင်းတူတူ ကုန်တိုက်တစ်ခုသို့
ရောက်လာကြသည်။ အိမ်ခြေရာမဲ့တစ်ယောက်
ဖြစ်ပြီး ဒီလိုနေရာတွေမရောက်ဖူးတဲ့
ဆာရာ့အတွက်တော့ ပါးစပ်အဟောင်းသား
တဝိုးဝိုး တဝါးဝါးဖြစ်နေပြီ။"အွန့်'
အ၀တ်အစားတွေ၀ယ်အပြီး မုန့်၀င်စားကြရင်း
ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ဆာရာပါးစပ်ထဲ
ထယ်ယောင်းရေခဲမုန့် ခွံ့လိုက်တော့ လန့်သွားတဲ့
ထိုမိန်းမပျိုလေးကြောင့် ထယ်ယောင်း
ရယ်မိသည်။