"သူဌေး စိတ်ကိုထိန်းပါ'
ဂျိူးတစ်ယောက် အိမ်မှာပစ္စည်းတွေအကုန်
ရိုက်ခွဲနေတဲ့သူဌေးဂျွန်ကြောင့်
ဘာလုပ်လို့လုပ်ရမှန်းမသိ တားလည်းမရ
သူဌေးဂျွန်စိတ်ဖောက်နေပြီဆိုတာသိသာသည်။
မျက်၀န်းတွေကရဲတောက်နေပြီးလူသတ်ချင်တဲ့
အရိပ်အယောင်တွေရှိနေသည်ကိုမြင်ရသည်။"ဂျိုး!အဲ့မိန်းမမှာထယ်ယောင်းနဲ့ရတဲ့
ကိုယ်၀န်ရှိလာပြီတဲ့လေ ထယ်ယောင်း..
ထယ်ယောင်းကအဲ့မိန်းမဘက်ပြန်ပါသွားပြီ'စားသောက်ဆိုင်မှာညစာစားနေကြရင်း
ဆာရာ့ဆီကကိုယ်၀န်ဆိုတဲ့ဖုန်းဝင်လာတာကြောင့်ထယ်ယောင်းဂျောငိကုကိုပြောပြီး
အပြေးပြန်သွားသည်။ကျန်ခဲ့တဲ့ဂျောင်ကုက
စိတ်တိုစွာဂျိုးကိုအိမ်လာဖို့ဖုန်းဆက်ပြီး
သူပါအိမ်ပြန်လာခဲ့သည်။ဂျိုးတစ်ယောက်ဒီလိုဆိုဘယ်လိုဆက်လုပ်ရမလဲ
မသိတော့ပေ။ဂျီဆာရာဆိုတဲ့မိန်းမကို
ဒီလိုဆိုရှင်းထုတ်ဖို့ကပိုခက်ခဲလာပြီ။"ငါအဲ့မိန်းမကိုသတ်ပစ်ရတော့မယ်ထင်တယ်'
ကြမ်းပြင်ကွဲနေတဲ့ဖန်ပုလင်းတွေကိုကြည့်ပြီး
ဂျောင်ကုကပြောသည်။"အဲ့လိုသတ်ပစ်လိုက်ရင်အကုန်ပြေပြီ
မို့လား အဲ့တာဆို ထယ်ယောင်းကငါ့ဆီ
ပြန်လာမှာလေ'ဂျိုးဘာမှမပြောမိ
သူဌေးစိတ်ငြိမ်ဖို့ကိုသာဦးစားပေးတာကြောင့်
စိတ်ငြိမ်ငြိမ်ထားဖို့ပြောပြီး...။"သူဌေးကင်မ်ကပြန်အိပ်မှာတဲ့လားဒီည'
"ပြန်မအိပ်ဘူး ဟိုမိန်းမကိုယ်၀န်ရှိသွားပြီ
ဆိုတာနဲ့အဲ့မှာပဲဒီညအိပ်မယ်ဆိုပြီး
ပြောသွားတာ'"ဒါဆို သူဌေးသွားနားပါတော့
ထပ်ပြီးမေ့နေဟန်ဆောင်နေပါဦး'"ဒါပေမယ့်...'
"ကျတော်ပြောတာနားထောင်ပေးပါ
ထပ်ပြီးဟန်ဆောင်နေပါဦး'ဂျိူးပြောစကားကြောင့်ဂျောင်ကု
စိတ်ကိုလျှော့ကာ အပေါ်ထပ်တက်သွားသည်။
ကျန်ခဲ့တဲ့အပိုင်းအစအကွဲတွေကို
ဂျိုး သိမ်းဆည်းလိုက်သည်။
![](https://img.wattpad.com/cover/340477022-288-k909445.jpg)