အခုအခန်းထဲမှာကျန်ခဲ့သည်က
ထယ်ယောင်းနဲ့ဂျောင်ကုပင်။"ငါ့ကြောင့်ဖြစ်သွားခဲ့တာဆိုရင်
တောင်းပန်ပါတယ်'ဂျောင်ကုကဟန်ဆောင်ကာတောင်းပန်တော့
ထယ်ယောင်းကမလိုကြောင်းခေါင်းခါပြကာ
အခန်းပြင်မသွားသေးပဲ ဂျောငိကုသောက်လေ့မရှိပေမယ့်သိမ်းထားနေကျခုံပေါ်ကဆေးလိပ်နဲ့
မီးခြစ်ကိုယူကာ မီးငြှိလိုက်သည်။"သောက်မလို့လား ?'
"အင်း'
ထယ်ယောင်းချက်ချင်းပင်
ဆေးလိပ်ကိုတစ်ငုံရှိုက်လိုက်သည်။
ပြီးတာနှင့်၀ရံတာဘက်ကိုသာကြည့်နေမိသည်။
ဂျောင်ကုအချိန်ပြည့်၀ရံတာဘက်ကို
ဘာလို့ကြည့်နေလဲသူနားလည်လာပြီလေ။
စိတ်ဖိစီးမှုတွေကိုပြေပျောက်စေတာပဲ။"မင်းကသောက်လေ့မှမရှိပဲ'
ထိုသို့ပြောပြီး ဂျောင်ကုထယ်ယောင်းနဲ့
ဘေးချင်းကပ်ရပ်ပြီး ၀ရံတာဘက်ကို
ကြည့်နေလိုက်သည်။စစချင်းကထယ်ယောင်းဘာမှမပြောပေမယ့်
ဂျောင်ကုကသူဆေးလိပ်သောက်လေ့မရှိ
တာကိုဘယ်လိုသိနေတာလဲ ?။"ဘယ်လိုသိတာလဲ
ငါသောက်လေ့မရှိတာကို ?'"အာ ဒီတိုင်းပါပဲ'
ဂျောင်ကုကဘာမှထပ်မပြောတော့ပဲ
ထယ်ယောင်းကိုအနောက်ကနေဖက်လိုက်သည်။"ဂျောင်ကု! ဘာလုပ်တာလဲ'
ဂျောင်ကု မေ့သလိုလုပ်နေတာကို
ထပ်မလုပ်ချင်တော့ဘူး။ခုန ထယ်ယောင်း
ဆာရာ့ကိုရိုက်မိတော့မလိုဖြစ်သွားတာပဲ
ကြည့်လေ ဒီအခြေအနေကိုဂျောင်ကု
ထယ်ယောင်းကိုပြန်သိမ်းသွင်းလို့ရပြီလို့
အထင်အကြီးကြီးမှားသွားခဲ့သည်။"အရင်လို ချစ်သူလို့ပြန်ခေါ်သင့်တာ'
"ဂျောင်ကု!မင်း ပြန်သတိရနေခဲ့တာလား ?'
"ဟားဟား မေ့ကိုမမေ့တာဗျာ'
ဂျောင်ကုဖက်ထားတာကနေ
ထယ်ယောင်းအတင်းရုန်းကာ။"ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ ဂျောင်ကု!'
"အဲ့တာကိုပြန်မေးသင့်တာပါ
မင်းကဘာလို့ကိုယ့်အပေါ်
လုပ်ရက်ရတာလဲ!'
