"စားရတာအဆင်ပြေရဲ့လား'
ထယ်ယောင်း ကင်မ်ချီထမင်းကြော်
ကြော်ပြီးဂျောင်ကုအားစားစေလိုက်သည်။
ဂျောင်ကု သူ့ကြောင့်ထိခိုက်ပြီးတည်းက
ဒေါသကြီးတာသိပ်မတွေ့ရပဲ အခုထမင်းစားတာ
လေးကအစ ကလေးလိုပဲပင်။"အင်း ပြေပါတယ်'
*တီ တီ*
ထယ်ယောင်း ဂျောင်ကုထမင်းစားတာ
စောင့်ပေးနေတုန်း ဆာရာ့ဆီက
ဖုန်းထပ်၀င်လာတာကြောင့် ဂျောင်ကုရှေ့မှာမို့
ကိုင်သင့်လား မကိုင်သင့်လား စဉ်းစား
နေမိသည်။"ကိုင်လိုက်လေ ဘာဖြစ်လို့လဲ'
ထယ်ယောင်းအထပ်ထပ်အခါခါမေ့နေသည်က
ဂျောင်ကုကသူနဲ့ပတ်သက်ပြီးမေ့နေတာကိုပင်။
ထပ်ပြီးထူးဆန်းတာက ဂျောင်ကုက သူဘာလို့
ဆေးရုံရောက်နေခဲ့လဲဆိုတာတွေ ဘလိုမေ့လဲ
သွားလဲဆိုတာတွေ လုံး၀မမေးခဲ့ဘူး။"အင်းဒါဆို အေးဆေးစားနော်'
ဂျောင်ကုကိုထားခဲ့ပြီး
ဆာရာနဲ့ဖုန်းပြောဖို့ ထယ်ယောင်းသူ့အခန်းသူ
၀င်လာလိုက်ပြီး ဖုန်းကိုင်လိုက်သည်။"ဆာရာ ပြောလေ'
"ဘာလို့လာမတွေ့တာလဲ ဆာရာ့ကို
အစ်ကိုထယ်ယောင်းကိုလွမ်းလို့
ဆက်လိုက်တာ'"အာ ကိုအခုလာခဲ့မယ်
ဒီမှာဂျောင်ကုကိုစောင့်ပေးနေလို့'ဆာရာ့ရင်ထဲဆစ်ကနဲပင်
အစ်ကိုထယ်ယောင်းကအခုထိသူ့ရည်းစားကို
မဖြတ်ရသေးဘူးလား ?။ဆာရာတစ်ယောက် ထယ်ယောင်းကို
လက်မလွှတ်ချင် ဆုံးလည်းဆုံးဖြတ်ပြီးပြီ။
ကြား၀င်သလိုဖြစ်နေမိရင်တောင် အစ်ကို
ထယ်ယောင်းသူ့ဘက်ရှိနေသရွေ့အကုန်ပြေတယ်။ သူကတော့ထပ်ပြီး အမှားတွေ
ထပ်ခါထပ်ခါလုပ်မိနေဦးမှာပင်။ထယ်ယောင်း ဆာရာ့ဖုန်းကိုချလိုက်ပြီး
ဂျောင်ကုထမင်းစားနေတဲ့ဆီပြန်လာတော့
ဂျောင်ကုကပန်းကန်ဆေးပြီး ထမင်းစားခန်း
ကနေတောင်ထွက်လာနေပြီ။"ဂျောင်ကု ထယ်.. မှားလို့
ငါအပြင်သွားဦးမယ်'"အင်း သွားလေ'