"သူဌေး ဘယ်တွေသွားနေတာလဲ ?'
ဂျောင်ကုနဲ့ဖုန်းပြောပြီး ဧည့်ခန်းထဲမှာ
ဂျိုးနဲ့ထယ်ယောင်းထိုင်ကာစကားပြောနေကြသည်။"အာ လေကောင်းလေသန့်ရအောင်
ကားပတ်မောင်းနေတာ'"ဟိုကောင်မလေးဆီ သွားနေတာလား ?'
"မသွားပါဘူး'
"ကျတော်ဘယ်ကောင်မလေးလဲ
မပြောရသေးဘူးထင်တယ်'ဂျိုးစကားကြောင့်ထယ်ယောင်း
အိုးတို့အန်းတန့်ဖြစ်ကာ။"ဟေ့ရောင် ငါတို့မှာအခု
ဂျီဆာရာဆိုတဲ့ ကောင်မလေးပဲရှိတာလေ
မင်းသူ့ကိုမေးမှန်းငါကသိတာပေါ့'"အော်'
"မင်းသွားတော့ ငါပြေတယ်မပူနဲ့'
"ဟုတ်ကဲ့ ဒီမှာမနက်ဖြန်ယူရမယ့်
ငွေမဲတွေ'"ဘယ်မှာလဲ'
"ဂိုထောင်တစ်ခုမှာပဲ'
"အင်းဟုတ်ပြီ မနက်စောစောပဲသွားကြမှာမို့လား'
"ဟုတ်ပါတယ်'
"ရပြီ သွားတော့'
"သူဌေး'
"အင်းပြောလေ'
"မဟုတ်တာတွေမလုပ်ပါနဲ့တော့
သူဌေးဂျွန်က သူဌေးကိုဘယ်လောက်ချစ်လဲ
ကျွန်တော်တို့ကအစသိနေတာမို့'"အင်းသိပြီ သွားတော့'
ဂျိုးပြောသွားတာတွေကမှန်ပေမယ့်
ထယ်ယောင်း အခုချိန်ဆာရာကိုပဲ
အတွေးထဲရှိသည်။ သူဆာရာကိုအရမ်း
ချစ်မိနေပြီလေ ခံစားချက်ဆိုတာ
ရပ်တန့်လို့မှမရပဲ။ ဒီလိုဆိုသူဂျောင်ကုကို
ဖြတ်ရမယ်မို့လား။အတွေးပေါင်းများစွာနဲ့ထယ်ယောင်း
အိပ်ပျော်သွားသည်။
___________________________________"၀မ် တစ်သန်း သေချာလား ?'
"အင်းသေချာတယ်'
လွန်ခဲ့တဲ့တစ်ခေါက်က ထယ်ယောင်းတို့
အကြွေးအဖြစ် ဆေးဝါးတွေရောင်းချ
ထားတာကြောင့် ဒီတစ်ခေါက်တစ်ဖက်က
ငွေချေရခြင်းပင်။ ကိုရီးယားလူမျိုးအချင်းချင်း
မို့သာအကြွေးအဖြစ်ရောင်းပေးခြင်းပင်။
သူနဲ့အလုပ်တွဲလုပ်တာလညိးကြာပြီမို့ပင်။