"မင်း ဘယ်သူလဲ!'
ထယ်ယောင်းအိမ်ရောက်ရောက်ချင်း
ကားနောက်ခန်းကအသံကြားလို့
သွားဖွင့်ကြည့်မိတော့ ထိုနေရာမှာ
ဒဏ်ရာဒဏ်ချက်အနည်းငယ်နဲ့
ဖြူဖြူဖွေးဖွေးကောင်မလေးတစ်ယောက်။အရမ်းလှလွန်းလို့ထယ်ယောင်းခနမင်သက်
မိပေမယ့် သတိကပ်ကာ ဟိတ်ဟန်
လုပ်ပြီးမေးရတော့မယ်။သူမေးတော့ထိုကောင်မလေးက
ကားထဲကထွက်လာကာ ထယ်ယောင်းကို
မျက်၀န်းလဲ့လဲ့လေးတွေဖြင့်ကြည့်လာသည်။"ကျွန်မနာမည်က ဂျီဆာရာပါ
ခုနတရုတ်လူတွေက ကျွန်မကို ပြန်ပေးဆွဲ
လာတာပါ'"အဲ့တာနဲ့ပဲမင်းကသူတို့ သင်္ဘောကနေ
ထွက်ပြေးလာတာပေါ့လေ'"ဟုတ်ပါတယ်'
"မင်းကဘယ်ကလဲ'
"ဟို..ဟို'
"ပြော'
"ကျွန်မကဒီတိုင်းလမ်းဘေးက အိမ်ခြေရာမဲ့
တစ်ယောက်ပါပဲ'သူ့ကိုကြည့်ပြီးပြောလာတဲ့
ထိုမျက်၀န်းလေးတွေရယ် အနည်းငယ်
ညစ်ပတ်ပုံပေါ်နေပေမယ့် ဂျီဆာရာဆိုတဲ့
မိန်းကလေးက အရမ်းလှပပုံပေါ်သည်။ထယ်ယောင်း သူတွဲခဲ့တဲ့ရှုပ်ခဲ့တဲ့
ကောင်မလေးတွေလိုမဟုတ်တဲ့ ခံစားချက်မျိုး
ထိုကောင်မလေးနဲ့မှရလာသည်။"သူဌေး သူမကဘယ်သူလဲ'
ဖောက်သည်တွေမှာထားတဲ့ဆေးတွေကော
အကုန်ပေးပြီး တခြားအဖွဲ့သားတွေ
အိမ်ပြန်ကုန်ကြပေမယ့် ဂျိုးက
ထယ်ယောင်းဖုန်းခေါ်တာကြောင့်
ရောက်လာခဲ့သည်။ရောက်ရောက်လာချင်းဧည့်ခန်းထဲက
ထယ်ယောင်းဘေးမှာထိုင်နေတဲ့
ပေတီးပေစုတ်ကောင်မလေးကိုမြင်ပြီး
မေးကြည့်မိသည်။ထယ်ယောင်းက ခုနတုန်းကပါလာတာ
ဖြစ်ကြောင်းပြောပြသည် ဂျောင်ကုမသိစေ
ဖို့ကိုပါပြောသည်။"အဲ့တော့ သူဌေးကသူ့ကိုဘလိုလုပ်မှာလဲ'
"သူ့ကိုကူညီရမှာပေါ့'
"ကူညီမယ် ?'
ဂျိုးသိပ်ပြီးမသင်ကာဖြစ်လာပြီ။
သူဌေးကဘယ်တုန်းကများဘယ်မိန်းကလေး
ကိစ္စကိုဒီလောက်အရေးတကြီးကူညီ
ဂရုစိုက်ဖူးလို့လဲ တွေ့တာမကြာသေးတဲ့
မိန်းမတစ်ယောက်ကို ဒီလောက်ကြီးထိ
ဂရုစိုက်ပေးနေတာ ဂျိုးသိပ်ပြီးသဘောမကျပေ။