"ချစ်သူ ဘာလိုသေးလဲ
ဘာထည့်ချင်သေးလဲ'ဂျောင်ကုဒီနေ့ဘန်ကောက်ကို
သွားရတော့မှာဖြစ်သည်။
ထယ်ယောင်းကလိုအပ်တာတွေ
ပြင်ဆင်ကာထည့်ပေးနေသည်။"မလိုတော့ဘူး ကိုသွားတော့မယ်'
"လေဆိပ်ထိလိုက်ပို့ဖို့မလိုတာ
သေချာရဲ့လား'"ကိုရပါတယ်'
ဂျောင်ကုကမတ်တပ်ရပ်နေရင်းပင်
ထယ်ယောင်းခေါင်းလေးကိုဆွဲယူကာ
နမ်းလိုက်သည်။"ကို့ခေါင်းလုံးလုံးလေး လိမ်လိမ်မာမာနေနော်
စာပို့လိုက်မယ် ရောက်ရင်'ဂျောင်ကုအိမ်ထဲကထွက်လာတော့
ထယ်ယောင်းရဲ့အဖွဲ့နဲ့တိုးသည်။
ဂျောင်ကုထိုအဖွဲ့ထဲကထယ်ယောင်းရဲ့
ညာလက်ရုံး ဂျိုး ကိုကြည့်လိုက်သည်။
သူ ဂျိူးကို ထယ်ယောင်းကိုစောင့်ကြည့်ဖို့
ပြောထားတာပင် ထယ်ယောင်းအယုံရဆုံး
လူယုံပေမယ့် ဂျောင်ကုရဲ့လူဆိုပိုမှန်မည်။"သွားတော့မှာပါလား သူဌေး'
ထယ်ယောင်းလူယုံတွေဟာလည်း
ဂျောင်ကုကိုသိသည်။ထယ်ယောင်းက
သူ့ကိုခေါ်သလိုဂျောင်ကုကိုလည်းသူဌေး
လို့ခေါ်ခိုင်းသည်။ဂျိုး ကအဖွဲ့ထဲမှာထယ်ယောင်းပြီးရင်
ဒုခေါင်းဆောင်မို့ရှေ့ကဦးဆောင်ကာ
ဂျောင်ကုကိုခေါင်းငုံ့ပြီးမေးသည်။"အင်း ထယ်ယောင်းကိုဂရုစိုက်ကြပါ'
အကုန်လုံးခေါင်းငြိမ့်ပြကြမှ
ဂျောင်ကုလည်းတစ်ချက်ပြုံးပြလိုက်သည်။"ချစ်သူ မသွားသေးဘူးလား ?'
"ဖွီ'
အဖွဲ့သားအကုန် ထယ်ယောင်းရဲ့
ချစ်သူဆိုတာခေါ်သံကြားပြီးထရယ်မိတော့သည်။"မင်းတို့ကဘာရယ်တာလဲ ဟမ်!'
ထယ်ယောင်းကဂျောင်ကုနဲ့သာ
ကလေးလေးလိုနေတာ..အဖွဲ့သားတွေနဲ့ဆို
ဂျောင်ကုထက်တောင်တည်သည်။ဂျောင်ကုမှာလူကြီးပေါက်စနလေးကြောင့်
ကြိတ်ရယ်ကာ နှုတ်ဆက်ပြီးထွက်လာခဲ့
တော့သည်။ အနောက်မှာ ထယ်ယောင်းတို့
ဘလိုဖြစ်နေမလဲတော့မသိပေ။