"ဂျောင်ကု ချက်ချင်းကြီးပြန်ကြမှာလား'
နောက်တစ်နေ့ ဂျောင်ကုကချက်ချင်းကြီး
ပြန်မယ်ဆိုတာကြောင့်ထယ်ယောင်း
ကြောင်တောင်ကြောင်သွားသည်။
ဒီမှာအလုပ်တွေရှိသေးသည်မဟုတ်ပါလား။"အာ ငါပြန်လာတော့ကြားလိုက်တာ
မင်းရည်းစားတစ်ခုခုဖြစ်လို့ထင်တယ်
ငါ့ကြောင့်နဲ့ရန်မဖြစ်စေချင်ဘူးလေ'ထယ်ယောင်း သူ့ကိုမရိပ်မိလေအောင်
ဂျောင်ကုတမင်တွေးပေးတဲ့ပုံဟန်ဆောင်
ခြင်းပင်။ဒီလိုဆိုထယ်ယောင်းက
သူလုပ်တာဆိုပြီးသံသယ၀င်နေ
တော့မှာမဟုတ်ဘူးမဟုတ်လား...။"ကျေးဇူးပါပဲ ဂျောင်ကု'
ဒီလိုနဲ့ထယ်ယောင်းတို့
ချက်ချင်းပင် Korea ကိုပြန်လာကြသည်။ထယ်ယောင်းစိတ်ထဲဂျောင်ကုကို
တော်တော်ကျေးဇူးတင်မိနေပြီး။အစက၀င်မလို
ဖြစ်နေတဲ့သံသယတွေဟာလုံးလုံးရှင်းသွား
သည်။အရင်ကဂျောင်ကုဆိုဒီလိုလုံး၀
လုပ်ပေးမှာမဟုတ်၊အခုသူငယ်ချင်းလို
ဂျောင်ကုကအရမ်းပေါင်းလို့ကောင်းသည်လေ။ရောက်ရောက်ချင်းပင် ထယ်ယောင်း
ဆာရာ့ဆီအပြေးသွားမိသည်။"ဆာရာ!ကလေးလေး'
ထယ်ယောင်း ဆာရာ့ကိုပြေးဖက်လိုက်သည်။
"အစ်ကို ပြန်လာတယ်နော်
ပြန်မလာဘူးထင်နေတာ'"ဂျောင်ကုကကိုမင်းကိုဂရုစိုက်ရအောင်
ဆိုပြီးဒီကိုစောစောပြန်လာဖို့
သူစီစဉ်ပေးတာ'"ဂျောင်ကုက ?'
"အင်းဟုတ်တယ်'
ဆာရာ့အတွေးထဲပိုလို့ရှုပ်သွားရသည်။
အဲ့ခြိမ်းခြောက်မှုတွေကသေချာပေါက်
ဂျောင်ကုလုပ်တာကိုသိနေသည်လေ။
နာမည်ကောင်း၀င်ယူတာ ??။"ဂျောင်ကုလုပ်တာမဟုတ်ဘူးလို့
ကိုပြောတယ်မို့လား'ထယ်ယောင်းကဆာရာ့ကိုဖက်ထားရင်း
ပြောသည်။"အင်းဟုတ်ပါတယ် ကျွန်မအထင်လွဲနေတာပဲ
နေပါမယ်'ဒီလိုကျပြန်လည်းဆာရာ ဂျောင်ကုကို
ကျေးဇူးတင်မိပြန်သည်။ဂျောင်ကုကအစ်ကို
ထယ်ယောင်းရဲ့ရည်းစားဖြစ်ဖူးတာမို့
သံသယအ၀င်လွန်နေတာပဲနေပါလိမ့်မယ်ဆိုပြီး
ဖြည့်တွေးလိုက်သည်။