Description

1.3K 35 1
                                    


Description 💥

ဆာစီးနီယာသည် ခေါင်းဖြတ်စက်ဖြင့် အသတ်ခံရမည့် ဗီလိန်၏ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။

ကံကောင်းစွာဖြင့် ထိုအဖြစ်အပျက်များမစတင်မီ ၃ နှစ်အလိုတွင် သူမ‌ကူးပြောင်းလာခြင်းဖြစ်သည်။

သူမ၏ သေဆုံးမည့်ကံကြမ္မာကိုပြောင်းလဲနိုင်ရန်အတွက် ငွေလိုသောကြောင့် လောင်းကစားအိမ်တွင် ကစားပြီးနောက် jackpot ဆုကြီးပေါက်ခဲ့သည်။

ဒါပေမယ့် ဘာလို့ဒီလိုဖြစ်သွားတာလဲ…..

လောင်းကစားဘုရင်က ပိုက်ဆံမရှိတော့သည့်အတွက် အသက် ၁၉ နှစ်သာရှိသေးသည့် ကောင်လေးတစ်ယောက်ကို အပေါင်ပစ္စည်းအနေဖြင့် သူမအားပေးလိုက်သည်။

‘’ မင်းရဲ့နာမည်ကို ဘန် လို့ပေးလိုက်ရင်ကော…’’

‘’ဟုတ်ကဲ့… အဲ့ဒါဆို အခုကစပြီး ကျွန်တော့်နာမည်က ဘန် ပဲ….’’

သူမ နာမည်မရှိသေးသည့် ကောင်းလေးကို ဘန် ဟု အမည်ပေးအပ်လိုက်သည်။ အားကိုးစရာမရှိသည့် ဒီကမ္ဘာကြီးမှာ သူငယ်ချင်းတစ်ယောက်ရပြီဟု သူမ တွေးခဲ့မိသည်။

‘’ ကိုယ် မင်းနဲ့ အတူတူရှိချင်တယ်…’’

‘’ဘာ…’’

‘’ ကျေးဇူးပြုပြီး ကိုယ်နဲ့အတူတူရှိနေပေးပါ … ဆာစီးနီယာ…’’

သို့သော် သူက ဘာစကားတစ်ခွန်းမှမချန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

………….

သူမ အရှေ့တွင်ရှိနေသော အမျိုးသားလေးထံမှ ရင်းနှီးသောရနံ့တစ်ခုရလိုက်သည်။ ထိုသူသည် သူမသိသည့်သူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေမှန်း ဆာစီးနီယာသိသည်။ သို့သော် ထိုရင်းနှီးသည့်အကြည့်ကြောင့် သူမ သတိမထားမိစွာဖြင့် သူ့အမည်ကိုခေါ်လိုက်သည်။

‘’ ဘန် လား…’’

သူမ နှုတ်ဖျားမှ သူ့အမည်ထွက်ပေါ်လာသည့်အတွက် အလွန်ကျေနပ်သွားသည့်ပုံဖြင့် နူးညံ့စွာပြုံးလိုက်ရင်း

‘’ ကိုယ့်ရဲ့ ဆာစီးနီယာ … ကိုယ် မင်းကို အရမ်းလွမ်းတာပဲ…’’

Xxxxxxx

အဓိကဇာတ်လိုက်Where stories live. Discover now