7

145 14 0
                                    

Chapter 7

တိတ်ဆိတ်သောအခန်းထဲတွင် တိုးညှင်းလှသော သူ့အသံကြောင့် အံ့အားသင့်သွားပြီး ဆာစီးနီယာ လက်ကို အမြန် ရုတ်လိုက်သည်။ ထို့နောက် မကောင်းမှုတစ်ခုခုကို လုပ်မိသလိုမျိုး သူမ နှလုံးခုန်မြန်လာရသည်။

'နေပါဦး…ငါဘာမှ မလုပ်ထားဘူးလေ…'

ဆာစီးနီယာ သည် ထိုအတွေးဖြင့်ခေါင်းညိတ်လိုက်သည်။ သူ အိပ်ပျော်နေချိန်မှာ မကောင်းတာ လုပ်မိသည်မှန်သော်လည်း ရာဇဝတ်ကောင်တစ်ယောက်လို မဟုတ်ပေ။

ဘန် သည် အိပ်တစ်ဝက်၊နိုးတစ်ဝက် ဖြစ်နေ၏။ ယခု အခြေအနေက အိပ်မက်လား၊ လက်တွေ့လားဆိုသည်ကို သိဖို့ ကြိုးစားရင်း မျက်လုံးမှိတ်ထားလိုက်သည်။

"အိပ်လိုက်လေ…"

ဆာစီးနီယာက ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားပြီး ခပ်ပြတ်ပြတ် အသံဖြင့် ပြောလိုက်သည်။

သူမ အသံကိုကြားလိုက်ရမှ အိမ်မက်မဟုတ်မှန်း သိလိုက်ရသလို ဘန်  မျက်လုံးလေးမှိတ်သွားအောင် ပြုံးလိုက်မိသည်။

သူ့အပြုံးကို ကြည့်နေရင်း အပြစ်ကင်းသည့် ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်မိသလို သူမ  ခံစားလိုက်ရ၏။

ဘန် က မမေးသော်လည်း သူမက ပြောလိုက်သည်။

"နင့်ဆံပင်တွေ အရမ်းရှုပ်နေလို့ သပ်တင်ပေးတာပါ…"

ယဇ်ပုရောဟိတ်ရှေ့မှာ အပြစ်သားတစ်ယောက် ဝန်ခံလိုက်သလိုပင်။

"ဟုတ်လား… ဆာစီးနီယာ ရဲ့လက်တွေက အမြဲနွေးထွေးနေသလို ခံစားရတယ်…"

သူက ဆာစီးနီယာ ခံစားချက်ကို ဂရုမစိုက်ဘဲ ပြုံးနေသေးသည်။

"အင်း...ဟုတ်လား…"

"ညတိုင်း ငါ့ကို လာလာပွတ်သပ်ပေးတဲ့ လက်ကလေး ကလည်း ဆာစီးနီယာ လိုပဲ နွေးထွေးတယ်…"

ဆာစီးနီယာ မျက်လုံးပြူးသွားရသည်။

'သိ‌နေတာလားဟ…'

သူအိပ်နေသည်ဟု ထင်ထားသော်လည်း...

"တောင်းပန်ပါတယ်…မျက်လုံးဖွင့်ကြည့်လိုက်ရင် နင်က ဆက်ပွတ်သပ်မပေးတော့မှာစိုးလို့ အိပ်ချင်ယောင်ဆောင်နေတာ…"

အဓိကဇာတ်လိုက်Where stories live. Discover now