30

112 6 0
                                    

Chapter 30

အပြာရောင်ဖြစ်နေခဲ့သည့် ကောင်းကင်ကြီးသည် မိုးရွာတော့မည်ဖြစ်သည့်အတွက် မှောင်မိုက်လာခဲ့သည်။ တိုက်ခတ်နေသောလေသည်ရေမှုန်ရေမွှားများနှင့် ဆောင်းဦးအငွေ့အသက်များ ပါဝင်နေသည်။ အားချန်သည် သူတစ်ယောက်တည်းကွက်ပြီး အလင်းပျောက်နေသလိုရှိသော သူ့သခင်ထံသို့ ချဥ်းကပ်သွားလိုက်သည်။ သူ့ရဲ့ ကျယ်ပြန့်တဲ့ ပုခုံးပြင်များသည် အလွန်သေးငယ်သောပမာဏရောက်သည်အထိ ငိုက်စိုက်ကျနေခဲ့သည်။ ဒါဟာ အားချန် တစ်ခါမှ မတွေ့ဖူးတဲ့ မရင်းနှီးသည့်ပုံစံဖြစ်သည်။

"သံအမတ်ကြီး"

ညှိုးနွမ်းနေသောပန်းကဲ့သို့ ခေါင်းငိုက်စိုက်ကျနေသော ဘန်သည် မော့ကြည့်လာသည်။ ယိုယွင်းပျက်စီးတော့မလိုဖြစ်နေသည့် ကျွံဝင်စပြုနေသောမျက်လုံးများသည် ရုတ်တရက် အားချန်ကို တွေ့သည့်အခါ ပြန်လည်တောက်ပလာခဲ့သည်။

"ဘယ်လိုဖြစ်သွားတာလဲ"

လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်လေးကမှ လက်မှိုင်ကျ၍ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သောသူတစ်ယောက်ကဲ့သို့ သူ့အသံသည် အလွန်အေးစက်နေခဲ့သည်။ နောက်ဆုံးတော့ သူ့နဂိုပုံစံအမှန်ကို ပြန်ဖြစ်သွားသောသခင်ဖြစ်သူထံသို့ အားချန်သည် အခြေအနေအရပ်ရပ်ကို အစီရင်ခံတင်ပြလိုက်သည်။

"ဒါက အရာရှိ ဒတ်စ်တာရဲ့ ပိုင်နက်ပါ.. ရှေ့တန်းမှာရပ်နေတဲ့ သံသယရှိသူက အရင်ဆုံး အချုပ်ခန်းကို ရောက်သွားပါပြီ.. သူက ရွာသူကြီးရဲ့ သားလို့လည်းပြောပါတယ်"

"သေချာဂရုတစိုက် စောင့်ကြည့်ထား" ဘန်ရဲ့ စကားများသည် မည်သည့်တုံ့ဆိုင်းမှုမှမရှိပဲ ရက်စက်ကြမ်းကြုတ်နေခဲ့သည်။

အားချန်သည် အဖြေပေးမယ့်အစား အသက်သာရှုလိုက်သည်။ သူ့သခင်ရဲ့ အမိန့်ကို လွန်ဆန်ဖို့ ရည်ရွယ်ချက်မရှိပါ။ သို့သော်လည်း သူ့သခင်သည် ဂုဏ်ပုဒ်ကိုကျော်ပြီး လုပ်ခဲ့သည့်အရာအတွက် ဘယ်လိုကောလဟာလတွေ သက်ရောက်မလဲဆိုတာကိုတော့ စိုးရိမ်မိသည်။

ဒီနေရာသည် အရာရှိဒတ်စ်တာ၏ ပိုင်နက်ဖြစ်သည့်အတွက်ကြောင့် သူတို့မှာ ရွာရဲ့အမှုရေးရာကိစ္စတွေကို မဆင်မခြင်ပဲ လုပ်ဆောင်လို့မရ။ထို့အပြင် အရာရှိဒတ်စ်တာသည် မြို့စားကြီး ကိုင်လို့စ်ရဲ့ လက်အောက်ခံဖြစ်သည်။ သူတို့အမှားတစ်ခုခုလုပ်လိုက်မည်ဆိုလျင် မြို့စားကြီးကိုင်လို့စ်ကို နိုင်ငံရေးအရ စူးစမ်းနေသည်ဟု ပြောကြလိမ့်မည်ဖြစ်သည်။ အားချန်ကို ပေးခဲ့တဲ့အမိန့်ကို ပြန်စဥ်းစားလျင် အားချန်က သူ့ကိုတားမည်ဆိုလျင်တောင်မှ သူ့သခင်သည် တစ်ခါတည်းအပြတ်ရှင်းပစ်မည်သာဖြစ်သည်။

အဓိကဇာတ်လိုက်Where stories live. Discover now