33

113 8 0
                                    

Chapter 33

ဆာစီးနီယာ က ဆက်ပြောပြီး သူ့ကို စိုက်ကြည့်နေသည်။

သူ့ ဆံပင်များဆီက ရေစက်များ တပေါက်ပေါက်ကျလာသောကြောင့် သူ  ဒုက္ခရောက်နေသော အကြည့်တို့ကို ဆံပင်မွှေးကြားထဲမှ မြင်နေရသည်။သူ့ဆံပင်ပေါ်က ရေစက်တွေကလည်း ပါးပြင်ပေါ်အထိ လိမ့်ဆင်းလာကြသည်။

'သူ ငိုနေတာ မဟုတ်လောက်ပါဘူး... ဒါပေမယ့် အဲ့ရေတွေက ဘာလို့ မျက်ရည်နဲ့ တူနေတာလဲ'

"လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိုယ် မြို့စားမင်းဆီ မှာ အလုပ်လုပ်တဲ့ လူတစ်ယောက်က ကိုယ့်ကို လာတွေ့တယ်..."

ဘန် သည် သူ့အကြောင်းကို သတိထားပြီး ဆက်ပြောလိုက်သည်။ သူမကို အရာအားလုံး ပြောပြသော်လည်း ဆိုးရွားသည့် အကြောင်းအရာများကို ချန်ထားခဲ့လိုက်သည်။

သူ့အတိတ်ဟောင်းတွေ အကြောင်း ပြောတိုင်း ကျောကုန်းက ဒဏ်ရာများကို သတိရသွားတတ်သဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေရသည်။ သို့တိုင် သူ ဆာစီးနီယာ ရှေ့တွင် ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်သည်။

"..."

ဘန် အကြောင်းကို ကြားပြီးနောက် ဆာစီးနီယာ သည် ခဏတာ တိတ်ဆိတ်သွားရသည်။

လွန်ခဲ့သောသုံးနှစ်က မြို့စားပိုင်နက် မှလူများက ဘန့် ကို အတင်းဆွဲ ခေါ်သွားခဲ့သဖြင့် သူမကို ဘာမှ မပြောနိုင်ဘဲ ပျောက်သွားခဲ့ရခြင်းပင်။

သူသည် မြို့စားပိုင်နက် တွင် သုံးနှစ်ကြာနေထိုင်ခဲ့ပြီး ဆက်ခံသူ ဖြစ်လာအောင် စည်းကမ်းတကျ ပြုမူခဲ့သည်။

သူ့ဖခင် မြို့စားမင်း ကွယ်လွန်ပြီး ဘန်က ရာထူးကို ဆက်ခံရရှိခဲ့သည်။

"ကိုယ် မင်းကို စောစောကတည်းက လိုက်ရှာခဲ့ရမှာ... အရာအားလုံးက ကိုယ့်အမှားပါ"

ဆာစီးနီယာ ခဏလောက်စဉ်းစားကြည့်သည်။

'မြို့စားမင်း သေဆုံးရတဲ့ အကြောင်းအရင်းက ဘာလဲ'

ဘန် က သူ့အဖေကို သတ်ပြီး ရာထူးလုယုခဲ့တာ ဟု ဝတ္ထုထဲတွင် ဖော်ပြထားသည်။

တစ်ကယ်ဟုတ်သလားဟု သူမ မေးကြည့်ချင်သော်လည်း မေးလို့မဖြစ်သဖြင့် တခြားမေးခွန်းများ ပြောင်းမေးလိုက်သည်။

အဓိကဇာတ်လိုက်Where stories live. Discover now