34

106 9 0
                                    

Chapter 34

"အစ်မ...အစောကြီးနိုးနေတာလား... ဟင်.. အဲ့ဒီလူလည်း ရောက်နေတယ်"

ခဏအကြာတွင် မေက မျက်လုံးတွေကို ပွတ်သပ်ရင်း ထွက်သွားသည်။ ထိုအချိန်မှသာ ဆာစီးနီယာ စိတ်သက်သာရာရသွားတော့သည်။

"မေ...ဗိုက်ဆာနေလား...နင့်အတွက် ငါ ဟင်းချက်ပေးမယ်လေ"

ဆာစီးနီယာသည် မီးဖိုချောင်ကို ပြေးဖို့ အခွင့်ကောင်းဟု တွေးပြီး ပြေးသွားလိုက်သည်။

သို့သော်လည်း ခြေသံပြင်းပြင်းနှင့် လမ်းကို ခပ်မြန်မြန် လျှောက်သွားတာကြောင့် သူမ ပုံစံက အနည်းငယ် ပရမ်းပတာ နိုင်နေရသည်။

" ဒါပေမယ့် အစားအသောက်က ညီမ..."

မေ က ဆာစီးနီယာ ကိုကြည့်ရင်း ပျားတီးပျာယာ ပြောလိုက်သည်။ သူမက ပါးပြင်ကို ကုတ်လိုက်ပြီး နှစ်ယောက်သားကို တစ်လှည့်စီကြည့်ပြီး မကြာမီ ဆာစီးနီယာ နောက်ကို လိုက်သွားလေသည်။

"အစ်မက ဟင်းချက်မလို့လား...ညီမပဲ အမြဲချက်တာလေ"

"ဒီနေ့ နင့်အစား ချက်ပေးချင်နေလို့လေ"

ဆာစီးနီယာ က မေ ကို အလိုက်သင့် ပြန်ပြောလိုက်သည်။ 

"ဟမ်... တကယ်လား"

မေ က ပြုံးပြီး ဆာစီးနီယာ ကို ကြည့်နေလေ၏။

ဆာစီးနီယာ သည် မေ့ ပုံစံကို သတိမထားမိဘဲ ဂျုံမှုန့်ကို ထုတ်လိုက်သည်။ယခုဆို သူမ စိတ်တွေ တော်တော်ငြိမ်သွားပြီဖြစ်သည်။

"ညီမတို့အိမ်ကို သူ ဘယ်တုန်းက ရောက်နေတာလဲ"

"သူ တစ်ညလုံး တံခါးအပြင်မှာ နေနေတာ...ဘယ်လို ဝင်လာလဲတော့မသိဘူး"

"အံ့သြစရာပဲ"

မေက သဘောကျစွာ ရေရွတ်ရင်း လက်ခုပ်တီး၍ ပျော်ရွှင်နေသည်။ ဆာစီးနီယာ သည် ယနေ့ သုံးယောက်စာ ချက်ပြုတ်ရမည် ဖြစ်သောကြောင့် ခါတိုင်းထက် ဂျုံမှုန့်ကို ပိုပိုသာသာလေးထည့်ပြီး  ရေထည့်လိုက်သည်။

"ဟူး..."

ဘန်သည် မီးဖိုရှေ့မှာ တစ်ယောက်တည်း ကျန်ခဲ့သည်။  သူအမြဲ တောင့်တခဲ့သော ဆာစီးနီယာ ကို ဘယ်သောအခါမှ မျက်စိရှေ့က အပျောက်မခံတော့ဟု ဆုံးဖြတ်ထားသည်။ ခဏလောက် မျက်စိမှိတ်လိုက်လျှင်တောင် တံလျှပ်တစ်ခုလို ပျောက်ကွယ်သွားမှာ သူစိုးရိမ်နေမိသည်။ အရင်တုန်းကတော့ မြို့စားမင်း ပိုင်နက်တွင် ရံဖန်ရံခါ သူ့စိတ်ကူးထဲတွင် ဆာစီးနီယာ ကို မြင်ဖူးသည်။ သို့သော်လည်း သူမပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း မီးခိုးလို ပျောက်ကွယ်သွားသော အတွေးအမြင်တစ်ခုမျှသာ ဖြစ်သည်။

အဓိကဇာတ်လိုက်Where stories live. Discover now