4

188 17 0
                                    

Chapter 4

'အထီးကျန်တယ်…'

သူမ ကူပြောင်းလာသည်မှာ ဆယ်ရက်သာ ရှိသေး၍ သူမ အထီးကျန်နေသလို  ဘယ်တုန်းကမှ မခံစားခဲ့ရပေ။

သို့သော် နေ့စဥ်နေ့တိုင်း ဒေါသစိတ်နှင့်သာ အသက်ရှင်နေခဲ့ရသည်။

မူလ ဆာစီးနီယာ သည် အသက် ဆယ့်ငါးနှစ်တွင် မိဘများ ဆုံးရှုံးခဲ့ရသောကြောင့် သူမ တစ်ယောက်တည်း နေလာခဲ့ပြီး ကျင့်သားရနေခဲ့သည်။ထို့ကြောင့် ယခု သူမလည်း အဆင်ပြေနေခြင်း ဖြစ်နိုင်၏။

"အင်း တစ်ကယ် အထီးမကျန်ပါဘူး…"

သူမ အဖြေကို ကြားရသောအခါ သူ အတော်လေး အံ့သြသွားပုံရသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်တော် သိပါတယ်... မစ္စ ဆာစီးနီယာက သန်မာတယ်လေ…"

"ငါ့ကို ဆာစီးနီယာ လို့ပဲ ခေါ်ပါ…ပေါ့ပေါ့ပါးပါးပဲ ပြောလို့ရတယ်…"

ရှေ့က မစ္စတပ်ခေါ်ခြင်းကို သူမ မနှစ်မြို့သောကြောင့် တားမြစ်လိုက်သည်။

"အင်း ဟုတ်ပါပြီ...ဆာစီးနီယာ…"

ကောင်လေးက သူမ နာမည်ကို  တီးတိုးခေါ်ကြည့်လိုက်သည်။ဆာစီးနီယာ သူ၏ နက်မှောင်သော မျက်လုံးများကို ဝင့်ကြည့်လိုက်သည်။

"ငါ့မှာ‌တော့ နာမည်မရှိဘူး…"

အမည်မရှိကြောင်းကို မျက်နှာသေဖြင့် ပြောလိုက်သော သူ့ကို သူမ သနားမိသွားရသည်။ သူမ နှလုံးသားသည်လည်း ရုတ်တရက် လေးလံလာရသည်။ အခြားသူများကဲ့သို့ ခေါ်စရာ နာမည်မရှိသည့် သူ့လိုလူများအတွက် သူမ စာနာမိရသည်။

သူသည် လောင်းက‌စားငွေအတွက် အပေါင်ပစ္စည်းအဖြစ်  သူမ ခေါ်လာသည့် ကောင်လေးဖြစ်ပြီး လောင်းကစားဘုရင်က ပိုက်ဆံပေးလျှင် သူ့ကို ပြန်ထည့်ပေးရမည်သာ။ယခု သူ့အပေါ် ခံစားချက်တစ်စုံတစ်ရာ ထားလိုက်ပါက သူနှင့် ခွဲရသည့်အခါ သူမ ခံစားရပေလိမ့်မည်။

'ဒါပေမယ့် ငါတို့အတူနေနေတုန်း သူ့ကိုခေါ်ဖို့ နာမည်တစ်ခုတော့ လိုတာပေါ့…'

သူမ သူ့ကို တစ်ချိန်လုံး"ဟေး" ‌"ဒီမှာ" "ကောင်လေး" ဟု ခေါ်မနေနိုင်။

အဓိကဇာတ်လိုက်Where stories live. Discover now