35

112 8 0
                                    

Chapter 35

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သူမ အိပ်နေရင်း တစ်ခါတစ်လေ  လမ်းထလျှောက်တာကို တွေ့ဖူးတယ်...ဒီရက်ပိုင်းမှာ ပိုအဖြစ်များလာတယ်"

"လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီလိုဖြစ်နေတာလား..."

"ကျွန်မနဲ့ မတွေ့ခင်ကတည်းက ဒီလိုအကျင့် ရှိနေတာထင်တယ်"

ဘန် သည် သူ့လက်ထဲတွင် ရှိနေဆဲဖြစ်သော ဆာစီးနီယာ ကို ကြည့်လိုက်သည်။ ဆာစီးနီယာ ၏ ခန္ဓာကိုယ်သည် အလွန်သေးသွယ်သောကြောင့် သူမကို လက်တစ်ဖက်ဖြင့် ကိုင်ထားလို့ရသည်။

ထို့အပြင် သူမသည် လွန်ခဲ့သော ၃ နှစ်ကနှင့် ယှဉ်လျှင် ပိုပိန်လာသည်။

"အရင်ကထက် အများကြီးပိန်သွားတယ်"

ဘန် ၏ မျက်လုံးများသည် စိုးရိမ်မှုဖြင့် အနည်းငယ် တုန်လှုပ်သွားရသည်။

"သူမက ပုံမှန်လည်း အစား မစားဘူး"

"ဘာလို့လဲ..."

"ကျွန်မလည်း မသိဘူး... ဒါပေမယ့် အခုတော့ အရင်ကထက်စာရင် အများကြီး ပိုကောင်းလာပါပြီ"

စကားပြောနေသည့် မေ၏ လေသံက အနည်းငယ် စူးရှနေသည်။ သူမ ဘန် ကို  နာကြည်းနေခြင်း ဖြစ်သည်။

'သူ ဆာစီးနီယာ ဆီကို ပြန်လာမယ်ဆိုရင်လည်း စောစောလာခဲ့သင့်တယ်'

ဘန် သာ စောစောလာခဲ့လျှင် ဆာစီးနီယာ လည်း မနေ့ကလို အဖြစ်မျိုး ကြုံတွေ့ရမှာ မဟုတ်ပေ။ ဘန် ကို သူမ မနှစ်မြို့သော်လည်း ဆာစီးနီယာ ၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်မိသည်။သို့သော်လည်း ဆာစီးနီယာ ကသာ အခရာကျဖြင့် ဘန် ဒီရွာမှာဆက်နေဖို့သင့်၊မသင့်ကို သူမကသာ ဆုံးဖြတ်လိမ့်မည်။သူမလည်း ဆာစီးနီယာ သဘောထားကို လေးစားပေးမည်သာ ဖြစ်၏။

"ကျွန်တော်နားလည်ပါပြီ... သူမကို အခန်းထဲ ပြန်ပို့ပေးလိုက်ပါ့မယ်"

ဘန် သည် ဆာစီးနီယာ ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သူမ၏ လက်များသည် လေထဲကို ခိုကိုးရာမဲ့ ပြုတ်ကျသွားသည်။ သူမ၏ ဖြူဖွေးသွယ်လျသော လက်မောင်းများသည် အချိန်မရွေး ကွဲသွားတော့မည့် ဖန်ခွက်ကလေးတစ်လုံးကို အုဖက်နေသည်။

အဓိကဇာတ်လိုက်Where stories live. Discover now