10

131 13 0
                                    

Chapter 10

ဆာစီးနီယာ သည် ငှက်မွေးကဲ့သို့ ပေါ့ပါးသော ခြေလှမ်းဖြင့် သားသတ်ရုံသို့ သွားလိုက်သည်။ 20,000 ရှီလင် သည် အမဲသားဝယ်ရန် လုံလောက်သော်လည်း 50,000 ရှီလင် ဆိုလျှင် တစ်လလုံးလုံး အသားချည်း စားနိုင်ပေသည်။

မူလက ဆာစီးနီယာ သည် ငွေခြွေတာရန် တင်ပါးဆုံသားကိုသာ ဝယ်ရန် စီစဉ်ထားသော်လည်း ပိုက်ဆံပိုနေသဖြင့် အမဲခါးဆစ်သား ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည်  ဟင်းချိုနှင့် ပေါင်မုန့်တွေ စားရသည်မှာ ရက်အတော်ကြာလာ၍ ငြီးငွေ့နေရသည်။

"ဘာများ ပေးရမလဲ…"

သားသတ်ဆိုင် ရောက်သောအခါ ဖော်ရွေသော ဆိုင်ရှင်က ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။

"ကျေးဇူးပြုပြီး ခါးဆစ်ပိုင်း နှစ်ဆစ်ဖြတ်ပေးပါ…"

"ဘယ်လောက်ထူရမလဲ…"

"ရတယ် ထူချင်သလောက် ထူလို့ရတယ်…"

'ဟုတ်တယ် အထူကြီးဆိုတော့ အရမ်းစားကောင်းမှာပဲ…'

အော်ဒါလက်ခံရသော ဆိုင်ရှင်သည် ကြည့်ကောင်းလှသော အရည်အသွေးကောင်းသည့် အသားများကို အထူအပါး ညီအောင် လှီးဖြတ်လိုက်သည်။

"ဒီမှာပါ… ခါးဆစ်နှစ်တုံးက 2000 ရှီလင် ကျပါတယ်…"

ငွေချေပြီးနောက်တွင် သူမသည် သဲကြီးမဲကြီး ဈေးဝယ်နေခဲ့သည်။ နေမင်းသည် ကောင်းကင်အလယ်မှာ ရှိနေသောကြောင့် ဈေးသည်တွေနှင့် ဈေးဝယ်သူများကလည်း ကြက်ပျံမကျ စည်ကားနေကြသည်။အကယ်၍ ဘန်သာ လိုက်လာပါက သူ ဈေးထဲကိုလှည့်ပတ်ကြည့်ချင်ရှာ‌လိမ့်မည်။

ဆာစီးနီယာ သည် တတ်နိုင်သမျှ တာရှည်ခံ အစားအစာများကိုသာ ဝယ်ခြမ်းလိုက်သည်။ နောက်တစ်ခါ ဝယ်စရာမလိုအောင် အစုံဝယ်လိုက်လေသည်။

'အာ…ဒီလိုဆို ဘန့် ကို ခေါ်ခဲ့ပါတယ်…'

သူမ မျှော်လင့်ထားသည်ထက်ပင် အိတ်တွေ ‌များနေတော့သည်။သူမက အိတ်များကို ပြင်ပြီး လက်လွှဲယူလိုက်ရာ အိတ်တစ်ခုထဲမှ ပေါင်မုန့်လုံးရှည်ကို သတိပြုမိသွားရသည်။

အဓိကဇာတ်လိုက်Where stories live. Discover now