21

104 11 0
                                    

Chapter 21

"ဆာစီးနီယာ…အသာနေနော်…ငါအဝတ်လျှော်လိုက်မယ်"

လက်သမားရုံမှ ပြန်လာသော ဘန် သည် ခြံထဲ တစ်ခါထွက်သွားပြန်သည်။ သူမတို့ အိမ်သည် ရွာနှင့် အနည်းငယ် လှမ်းနေသော်လည်း ဘန်က ယခင်အိမ်ထက်တော့ သာယာပေသည်။

ဆာစီးနီယာ သည် ဘန် နှင့်သူမ၏ ဆက်ဆံရေးကို တခြား ဘာမှ တွေးမထားပေ။မိသားစု၊ချစ်သူ၊သူငယ်ချင်း တို့နှင့် သူမ မနေခဲ့ရ၍ လူတစ်ယောက်နှင့် တစ်အိမ်တည်းအတူနေဖို့ရာ ဘယ်လောက် အရေးကြီးမှန်း သူမ မသိပေ။

ဘန်နှင့် နေရသည်မှာ  သူမအတွက် သက်တောင့်သက်သာ ရှိလှသည်။ဘန် သည် သူမ၏ ခံစားချက်ကို သိပုံရပြီး သူမတို့ ဆက်ဆံရေးအကြောင်း ဘာမှ မမေးခဲ့ပေ။သူမတို့နှစ်ယောက် အနေကြာလာတာ ကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် တစ်မိုးအောက်တည်းတွင် အတူနေထိုင်ရန် မဖြစ်နိုင်ပေ။ဘန်က သူမနှင့် မျက်လုံးချင်းဆုံတိုင်း ရှက်စနိုး ဖြစ်သွားတတ်သော်လည်း သူမက ဘာမှ မခံစားရပေ။ဤသည်မှာလည်း သူမနှလုံးသားကို ကောင်းကောင်း မသိသေးတာလည်း ဖြစ်နိုင်သည်။

"အိုး…ချီးပဲ"

ပန်းကန်ခွက်ယောက်တွေကို စီရီနေသည့် ဆာစီးနီယာ က တိုးတိုးလေး ဆံရေးလိုက်သည်။ မနေ့ညက အဝတ်ခြင်းတောင်းထဲ ထည့်ထားသည့် သူမ  အတွင်းခံ ဘောင်းဘီကို သတိရသွားခြင်း ကြောင့်ပင်။သူမသည် ကိုယ့် အတွင်းခံဘောင်းဘီကို ကိုယ်တိုင်သာ လျှော်ဖွပ်ဝတ်တတ်သည်။

သူမ တံခါးကို အမြန်ဖွင့်ကာ ခြံထဲ လျှောက်သွားလိုက်သည်။ ဘန် မတွေ့ခင် သူမ သွားယူရပေမည်။

ခြံထဲတွင် ဘန်က ရေနည်းနည်းခပ်ပြီး ရေဇလုံထဲကို လောင်းထည့်နေစဥ် ဆာစီးနီယာ သူ့အနား အမြန်ပြေးသွားလိုက်သည်။

"ဘန်…ငါ အ၀တ်တွေ လျှော်လိုက်မယ်..."

"ဘယ်လို"

ဆာစီးနီယာ မှာ အသံပင် မထွက်နိုင်ဘဲ တံထွေးကို အနိုင်နိုင် မျိုချလိုက်သည်။

ဘန် က သူမစကားကို ဂရုမစိုက်ဘဲ ရေစိုသည့် အဝတ်တို့ကို ဆွဲမလိုက်သည်။

အဓိကဇာတ်လိုက်Where stories live. Discover now