23

95 10 0
                                    

Chapter 23

" အစ်မ ဆာစီးနီယာ"

နားထဲ တိုးဝင်လာသော အသံကြောင့် ဆာစီးနီယာ ၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။

"အစ်မ ကုတင်ပေါ်မှာ မအိပ်ဘူးလား"

ဆာစီးနီယာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရီဝေနေသော သူမ စိတ်ထဲတွင်  မာကျောအေးစက်သော ကြမ်းပြင်၏ အထိအတွေ့ကိုပါ ခံစားလိုက်ရသည်။ အချိန်အတော်ကြာအောင် အိပ်ပျော်နေခဲ့တာကြောင့် သူမ ကျောပြင်တစ်ခုလုံး နာကျင်နေရသည်။

ဆာစီးနီယာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ကိုယ့်အခန်းထဲကိုယ် အိပ်နေတာမဟုတ်ဘဲ တခြားအခန်းထဲတွင် ရှိနေခြင်းပင်။

သူမ သက်ပြင်းတစ်ချက်ချကာ ဖွာလန်နေသည့် ဆံပင်ကို လက်နှင့် ဖြီးလိုက်ပြီး အခန်းထဲ သွားလိုက်သည်။

နောက်က လိုက်လာသည့် ခြေသံကို သူမ ရင်းနှီးပြီးသားပင်။

" အစ်မ ထမင်း စားမလားဟင်"

"မစားတော့ဘူး"

သူမ ကုတင်ပေါ် လှဲလိုက်ရာ မေ က မတ်တပ်ရပ်ကြည့်နေလေသည်။ယခုတော့ နူးညံ့ပြီး သက်တောင့်သက်သာရှိသည့် ခံစားချက်က သူမ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူမ ခေါင်းကိုက်နေ၍ လက်ဖြင့် နားထင်ကို ဖိထောက်ထားသော်လည်း မသက်သာသေး။

"အဲ့ဒီအိပ်မက်ပဲ မက်ပြန်ပြီ"

ဆာစီးနီယာ ၏ အနီရောင်နှုတ်ခမ်းများမှ တိုးညှင်းသော စကားတစ်ခွန်း ထွက်ပေါ်လာသည်။

သူမသည် ထိုအိပ်မက်ကိုချည်း ထပ်ခါတလဲလဲ မက်နေခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်လောက်က သူမတစ်ယောက်တည်း အထီးကျန်ခဲ့ရသော နေ့အကြောင်းပင်။

သူမ အိပ်မက်မက်သည့် နေ့များတွင် ခေါင်းကိုက်ဝေဒနာ ခံစားနေရသည်။

ဆာစီးနီယာ  စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။သူမ တစ်နေ့လုံး ခေါင်းကိုက်နေမည်ဖြစ်၍ စိတ်ပျက်နေရခြင်းပင်။

"ခေါင်းကိုက်နေပြန်ပြီလားဟင်"

မေ က စိုးရိမ်နေသော မျက်နှာထားဖြင့်  မေးလာသည်။ဆာစီးနီယာ သည် နေရာတွင် ရပ်နေသော မေ ကို မော့ကြည့်လိုက်သည်။ အသက် 20 နှစ်သာရှိသေးသော မေ သည် ယခင်ကနှင့်မတူဘဲ ရင့်ကျက်သော အမျိုးသမီးတစ်ဦးနှင့်တူနေသည်။ အရိုးများသာရှိပြီး ဒဏ်ရာများဖြင့် ပြည့်နေသော သူမ ခန္ဓာကိုယ်မှာလည်း ယခုမူ ပြည့်ဖြိုးနေပြီး သန့်ရှင်းလာသည်။ ဂရုမစိုက်ဘဲ ဖွာလန်ကြဲနေသော သူမ ဆံပင်များမှာပျော့ပျောင်းပြီး လှိုင်းတွန့်ပုံစံ ဆံနွယ်များအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ထို့ပြင် ငါးသေများလို မွဲခြောက်နေသည့် သူမ မျက်လုံးတွေက လည်း အသက်ပြန်ဝင်လာသည်။ သူမ ယခုလို ပြောင်းလဲလာခြင်းသည် တစ်ယောက်ယောက်နှင့် အလွန်တူသည်။

အဓိကဇာတ်လိုက်Where stories live. Discover now