Jeon အိမ်တော်ရဲ့ မနက်စာစားဝိုင်း၌ ယမန်နေ့ကထက်လူပိုများလာသည်။
အကြောင်းမှာ Jeonတွေရဲ့အငယ်ဆုံးလေးက အထက်တန်းဖြေပြီးမကြာခင်မှာပဲ ၁၆နှစ်ပြည့်တော့မှာမို့ ဂျွန်အဖိုးအဖွားတွေပင်ပြန်ရောက်လာကြခြင်းကြောင့်ဖြစ်သည်။
စားပွဲရဲ့ထိပ်ဆုံးမှာ ဂျွန်အဖိုးကနေရာယူလို့ ဘေးတွင်တော့ ဂျွန်အဖွားကထိုင်သည်။
ပြီးတာနဲ့ ကျန်တဲ့သူတွေကမိသားစုလိုက်နေရာယူလို့ အခုထိအိပ်ရာမနိုးသေးတဲ့ ပေါက်စလေးအား မနက်စာစားရန်စောင့်နေကြသည်။
ဂျွန်အဖိုးနဲ့အဖွားပြန်ရောက်လာခြင်းကို ထိုပေါက်စမသိချေ။"မာမီ... သား sweetieကိုသွားနှိုးလိုက်အုံးမယ်
မဟုတ်ရင် တော်တော်နဲ့ထလာမှာမဟုတ်ဘူး "''နေပါစေ ထယ်လေးရဲ့ မာမီ့မြေးပေါက်စကမနေ့ကမှစာမေးပွဲပြီးထားတော့ အတိုးချပြီးအနားယူနေတာနေမယ် ထားလိုက် ထားလိုက် "
''မဟုတ်တာ မာမီရဲ့ ကျန်တဲ့လူတွေက မနက်စာစားပြီးရင် အလုပ်သွားရအုံးမှာကို ခနလေး
သားသွားနှိုးလိုက်မယ်"ဆိုကာ TaeHyung အပေါ်ထပ်ကိုတက်သွားလိုက်သည်။Sweetie's Paradise ဆိုတဲ့အခန်းလေးကိုဖွင့်ဝင်လိုက်တော့ မီးခိုးရောင်ညအိပ်ဝတ်စုံနဲ့အပီအပြင်ကိုစက်တော်ခေါ်နေလေတဲ့ သမီးငယ်။
မိန်းကလေးအခန်းမို့ ပန်းရောင်တို့ဘာတို့လို့မထင်လိုက်ပါနဲ့.. ပိန်းပိတ်အောင်ကိုမှောင်သော နက်စွေးသော အရောင်တို့ဖြင့်သာ အခန်းကိုဖွဲ့ထားသည်။
အိပ်ရာခင်းကအစ တစ်ခန်းလုံးက All Blackကြီးသာ...."Sweetie...သမီးရေ ထတော့ မနက်စာစားကြရအောင်လေ သမီး"Sweetieအနားသွားကာ လက်မောင်းလေးအားလှုပ်ကာ နှိုးလိုက်တော့ မျက်လုံးလေးတစ်ဖက်သာဖွင့်ကြည့်လာသည်။
ဒါသည်လဲ ဟိုးငယ်ငယ်လေးကတည်းကအကျင့်လေးတစ်ခုပင်။"ထတော့ အောက်မှာသမီးနဲ့တွေ့ဖို့ စောင့်နေတဲ့လူနှစ်ယောက်ရှိတယ် ''
''ဘယ်သူတွေလဲ?''ပြန်မေးလာတဲ့အသံက အိပ်ရာနိုးကာစမို့ အက်ရှရှနဲ့ဖြစ်နေသည်။
''သိချင်ရင် အောက်ဆင်းကြည့်ပေါ့ ထတော့
အိပ်ပုတ်လေးရဲ့"TaeHyung သမီးရဲ့လက်နှစ်ဖက်ကနေ ဆွဲထူလိုက်တော့ ပျင်းတိပျင်းရွဲနဲ့ထထိုင်လေသည် သို့သော် မျက်လုံးမပွင့်သေး။
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
FanfictionJust my imagine ! So,Don't blame my idols . Burmese language (not English )