အခုဆိုရင်တော့ဖြင့် Jeonအိမ်တော်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်နေလေသည်။
အကြောင်းမှာတော့ အငယ်ဆုံးလေးကသူ့သူငယ်ချင်းတွေနဲ့အတူ နေ့တိုင်းအိမ်မှာပဲ အပြတ်ကဲနေတာကြောင့်ဖြစ်သည်။
အခုမှ၁၆နှစ်ကျော်လေးတွေသာရှိသေးတာမို့
Club တို့ Barတို့လဲ သွားလို့မရသေးတာကြောင့် Jeonအိမ်တော်အောက်ထပ်တစ်ခုလုံးက သူတို့သူငယ်ချင်းလေးယောက်ရဲ့ ပျော်မွေ့ရာဖြစ်နေသည်။Jeon Hyung မွေးနေ့ပြီးနောက်နေ့ကတည်းက အိမ်မှာစုကာ သောင်းကျန်းကြတာ အခုဆို တလနီးနီးပင်ရှိနေပြီ။
TaeHyungတို့တွေက ကုမ္ပဏီသွားသူ ဟိုတယ်ဘက်သွားသူ ဆိုင်ဖွင့်ရသူတွေဖြစ်တာမို့ အိမ်မှာမရှိတာများတာမို့ ကလေးတွေရဲ့ဒဏ်ကိုအခံရဆုံးကတော့ အိမ်တော်ထိန်းလီနဲ့ ကျန်တဲ့သူတွေပင် ယုတ်စွအဆုံး ခြံစောင့်တောင်အငြိမ်မနေရဘဲ သူတို့အုပ်စုခိုင်းသမျှအကုန်ပတ်လုပ်နေရသည်။
Jeonအဖိုးနဲ့အဖွားကတော့ Jeon hyung မွေးနေ့အပြီးတစ်ပတ်လောက်ကတည်းကပြန်သွားကြသည်။''Sweetieရေ..တိုးတိုးသက်သာဖွင့်စမ်း သီချင်းကို ဆူညံနေရော.."TaeHyungနားမခံနိုင်တော့တာမို့ ပြောလိုက်သော်လည်း ကိုယ်ပြောတာကိုကြားရောကြားရဲ့လားမသိ သူတို့moodနဲ့သူတို့တော့ဟုတ်နေတာပဲ။
ဒီနေ့က Sunday ဆိုတော့ ဆိုင်ရော ကုမ္ပဏီရောပိတ်တာမို့ အကုန်လုံးအိမ်မှာရှိနေသည်လေ သမီးပေါက်စရဲ့ကဲနေမှုကြောင့် နားရမဲ့ရက်မှာအေးဆေးမနားနိုင်ဘဲဖြစ်နေရသည်။
NamJinနဲ့YoonMinကတော့ ဟိုတယ်တွေဘက်သွားစစ်နေသည်မို့ အိမ်တွင်မရှိကြ။
ရှိရင်လဲ သူတို့ပါဝင်ကဲနေကြမှာ မြင်ယောင်ပါသေးတယ်။
......................................................................
"မရဘူး sweetie ဒယ်ဒီလုံးဝခွင့်မပြုဘူး"''ဒယ်ဒီ..sweetieက..."
''Jeon Hyung!!!''
မောင့်အော်သံကြောင့် သမီးကတော့ဘယ်လိုနေမယ်မသိ ဘေးကTaeHyungမှာတော့ တုန်ခနဲ။
မောင်က ငယ်ငယ်လေးကတည်းက သမီးကိုအော်ဖို့မပြောနဲ့ လေသံတောင်မာခဲ့တာမဟုတ်..
အခု မောင်က သမီးနာမည်အပြည့်အစုံကို အော်ချလိုက်တာများ အသံကဟိန်းထွက်သွားသည်အထိ။
ဟူး..အဖေကဒေါသအိုး သမီးကလဲအဖေတူသမီး ကောင်းကြရော။
(ဘာကို Daddy Jeonကြီးစိတ်ဆိုးတာလဲ
......................................................................
''Jeon Hyung!!!''
မှန်းကြည့်..)
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
FanficJust my imagine ! So,Don't blame my idols . Burmese language (not English )