"မောင်ရေ...မပြီးသေးဘူးလား ရေချိုးခန်းထဲဝင်သွားတာဖြင့်ကြာလှပြီ"TaeHyung သမီးလေးကို အဝတ်လဲပေးရင်း ရေချိုးခန်းထဲက မောင်ကြားအောင် လှမ်းအော်လိုက်သည်။
ဒီနေ့ Sweetieလေး ကာကွယ်ဆေးသွားထိုးရမှာမို့ ပြင်ဆင်နေကြခြင်းဖြစ်သည်။Sweetie လေးမွေးပြီးကတည်းက သမီးလေးရဲ့ကျန်းမာရေးအတွက် BoGum Hyungကိုယ်တိုင် သေချာအပ်ပေးထားတဲ့ ကလေးဆရာဝန်လေး Choi YeonJunဆီသွားရမှာဖြစ်သည်။
အစောပိုင်းကတည်းက သမီးလေးကျန်းမာရေးကို အမြဲစစ်ပေးနေတာမို့ YeonJunနဲ့ TaeHyung တို့တောင်ရင်းနှီးနေပြီဖြစ်သည်။"ပါးသမီးလေးကချစ်စရာကောင်းလိုက်တာနော်..."အဝတ်လဲပေးပြီးတဲ့ သမီးကို TaeHyung ကောက်ပွေ့ပြီး ပါးလေးကိုတစ်ချက်နမ်းလိုက်တော့ သမီးလေးက ပြုံးသည်။
နောက်တော့ မောင်ကရေချိုးပြီးထွက်လာကာ TaeHyung တို့နားလာရပ်သည်။"Daddyမင်းသမီးလေးတောင် အဝတ်လဲလို့ပြီးသွားပြီလား "
"ကဲ..မောင် အဝတ်လဲတော့လေ အအေးပတ်နေမယ် သွားဖို့ကလဲအချိန်ကြည့်အုံး"
"အင်းပါကွာ...Daddyချစ်ကလေး မွ"JungKook နမ်းလိုက်တော့ ရယ်ပြတဲ့သမီးလေးက သွားဖုံးရဲရဲလေးတွေကိုပေါ်လို့။
JungKook ပြီးသွားတော့ သားအဖသုံးယောက် ဆေးရုံကိုထွက်လာလိုက်ကြသည်။
ဆေးရုံရောက်တော့ အလှည့်မရောက်သေးတာကြောင့် ခနထိုင်စောင့်နေရသည်။
စောင့်နေတုန်းကို မောင်က သူ့သမီးကိုချီထားပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေသည်။"Jeon Hyungရှိပါသလားရှင်..."ဆိုတဲ့ သူနာပြုဆရာမအသံကြားတော့ TaeHyung ရှိကြောင်းအသံပြန်ပြုပြီး သမီးလေးကို မောင့်ဆီကပြောင်းချီလိုက်ပြီးTaeHyung တို့ အထဲဝင်သွားလိုက်သည်။
အထဲရောက်တော့ YeonJunက TaeHyung လက်ထဲက သမီးကိုကြည့်ပြီးပြုံးပြသည်။"ဒီနေ့ Sweetie လေး ကာကွယ်ဆေးထိုးရမယ်ဆိုလို့လာတာ YeonJunရေ"
"ဟုတ်တယ် TaeHyungie Hyung... BoGum Hyung လှမ်းပြောထားတယ် ကျွန်တော့်ကို..
ကဲ...ဆေးထိုးရအောင်နော်"YeonJunက ပြောရင်း ဆေးထိုးဖို့အသင့်ပြင်သည်။
TaeHyung ကSweetie ကိုချီလျက်သားလေးပင် ငြိမ်နေလိုက်သည်။
Sweetie က သူ့Jun SamChonလုပ်တာတွေကို လိုက်ကြည့်နေတော့တာ။
JungKook ကတော့ သမီးလေးနာမှာကို မကြည့်ရက်စွာ မျက်နှာလွှဲထားသည်။
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
FanfictionJust my imagine ! So,Don't blame my idols . Burmese language (not English )