Part 2

426 15 0
                                    

"ယောင်း.. မနက်ဖြန် ငါတို့နင့်အိမ်မှာတနေကုန်နေမှာနော်''

''အေးပါဟ..ငါသိပါတယ်လို့"
တနေ့ကုန်အောင် သုံးယောက်သားလျှောက်လည်ခဲ့ကြပြီး ညနေဘက် Jeon Hyungကိုပြန်ပို့ချိန် မှာတမ်းခြွေနေပါသော Reoပင်။
Jeon Hyungထက်အမြွှာနှစ်ယောက်လုံးက ၃လကြီးသည်မို့ ၁၆နှစ်ပြည့်ပြီးပြီဖြစ်သည်။
ထို့ကြောင့်လဲ ကားကို ကိုယ်တိုင်မောင်းကာ လိမ့်နေနိုင်ကြပြီဖြစ်သည်။(ရရ မရရ မိုးကရတယ်ဆိုရလိုက် ?)

''အေး မေ့နေမှာစိုးလို့ ထပ်ပြောတာ အဲ့ဒါဆိုငါတို့လစ်ပြီ Bye ယောင်ယောင်း.."

''Bye.. "Jeon Hyungလဲ အမြွှာနှစ်ယောက်အားပြန်နှုတ်ဆက်ကာ အိမ်ထဲဝင်လာလိုက်ပြီး ဖိနပ်ချွတ်ရင်း 'ပြန်လာပါပြီ'ဟုအသံပေးတော့ မီးဖိုချောင်ထဲကနေ ထွက်လာတဲ့ ဖွားဖွားက

"ဖွားမြေးလေး ပြန်လာပြီလား..
ဒီနေ့ဘယ်တွေသွားခဲ့လဲ ဘာတွေလုပ်ခဲ့လဲ ဟင်"

''အင်း..မုန့်တွေလျှောက်ပတ်စားတယ် ရုပ်ရှင်ကြည့်တယ် ပြီးတော့ shopping ထွက်တယ်
window shopping ပေါ့ ဖွားရယ် ဟီး"

''window shopping ဆိုတော့ ဖွားမြေးကမုန့်ဖိုးမရှိလို့လား အဲ့ဒါဆိုလဲပြောပေါ့ ဖွားပေးမှာပေါ့"

''မဟုတ်ပါဘူး ဖွားရဲ့ sweetieက မွေးနေ့ကျရင်လဲ လက်ဆောင်တွေရအုံးမှာမို့ မဝယ်တာပါ"

''ဒါ တစ်ဖက်လှည့်နဲ့ ဖွားကို မွေးနေ့လက်ဆောင်တောင်းနေတာပေါ့လေ "

''ဟဲဟဲ..အဲ့လိုလဲဟုတ်ပါဘူး ပေးတော့လဲကောင်းတာပေါ့ "

''မပေးရင်ရော?''

''မပေးလဲဘာမှမဖြစ်ဘူးလေ...sweetieကိုပေးထားတဲ့ ဖွားရဲ့အချစ်တွေက sweetieအတွက်အကောင်းဆုံးလက်ဆောင်ပါပဲ"

''အတတ်လေး.. ဒါနဲ့ပဲ ညာစားနေတာ
ကဲ..သွား ရေမိုးချိုးချည် မြေးအဖေတို့် အဖိုးတို့ပြန်ရောက်ရင် ညစာအတူတူစားကြမယ်
ဖွားက မြေးကြိုက်တတ်တဲ့ ဟင်းတွေချက်ထားတယ် ပြီးတော့ ဖွားမြေးအကြိုက် ChoCo Brownie လေးလဲလုပ်ထားသေးတယ်"

''အာ့ကြောင့် ဖွားကိုချစ်တာ မွ''

''ဟုတ်ပါပြီရှင်..သွား ရေသွားချိုးတော့"

Jeon Family (Jeons' Home Sweet Home SS2)Where stories live. Discover now