TaeHyung အိမ်တော်ထိန်းလီနဲ့အတူ နေ့လည်စာအသင့်စားနိုင်ရန်ပြင်ပေးထားလိုက်ပြီး ကျန်တဲ့လူတွေကိုခေါ်ရန် ဧည့်ခန်းထဲထွက်လာလိုက်သည်။
ထိုအချိန်မှာပဲ အပြင်ကနေပြန်ရောက်လာတဲ့ Jin Hyung နဲ့ JiMin။"Hyungတို့ပြန်လာပြီလား"
''အော..ဒီမှာ မုန့်လေးတွေပါဝယ်လာတယ် sweetieတို့ရော အပြင်သွားကြတာလား?''
''မဟုတ်ဘူး Hyung . Hyung တူမက ပြန်အိပ်သွားတာ အဲ့ဒါ အမြွှာလေးတွေကပါ သူ့အခန်းထဲနေနေကြတာ အခုသွားနှိုးမလို့လေ ''
''အေးပါ ငါတို့လဲ နေ့လည်စာ အိမ်မှာပဲစားမယ်ဆိုပြီး ဘာမှမစားလာခဲ့ဘူး မာမီတို့ကတော့ Golf ကွင်းနားကဆိုင်မှာ စားမယ်ပြောသွားတယ်"
''ဟုတ်လား ဒါဆိုလဲ ထယ်တို့ပဲစားကြတာပေါ့
မောင်.. မောင်တို့ ထမင်းစားခန်းထဲ စောငျ့နလေိုကျ ထယ် သမီးတို့ကိုသွားခေါ်လိုက်မယ်""နေ နေ ထယ် မောင်သွားခေါ်လိုက်မယ်
အမြွှာတွေကိုပဲ အရင်ခေါ်လိုက်မှရမယ် သမီးကအိပ်ပျော်နေတာကို နှိုးရင်ကြိုက်တာမှမဟုတ်ဘဲ"''အင်းပါ မောင့်သဘော ထယ်ထမင်းစားခန်းထဲကစောင့်မယ်"JungKook ထယ့်ကိုခေါင်းငြှိမ့်ပြလိုက်ပြီး သမီးအခန်းဆီတက်လာလိုက်သည်။
အခန်းကLockမချထားတာမို့ ဖွင့်လိုက်တော့ ဆိုဖာပေါ်ထိုင်ကာ လဒမှိုင်မှိုင်နေတဲ့ အမြွှာနှစ်ကောင်ကိုတွေ့ရသည်။"ဟေ့..ထမင်းစားမယ်တဲ့ ဆင်းခဲ့ကြ"
''ဟုတ်ကဲ့ အန်ကယ်ဂျွန် ဟို ယောင်းကရော နှိုးလိုက်ရမလား"
''နေ နေ ထားလိုက် နိုးမှပဲကျွေးလိုက်မယ် မင်းတို့သာ ဆင်းလာကြ"JungKookပြောပြီးအောက်ထပ်ဆင်းလာတဲ့တစ်လျှောက်လဲ တွေးနေမိသည်။
'ဒီကလေးတွေ ဘာဖြစ်သွားတာလဲ မနက်ကအထိအကောင်းပါ ငါစိတ်တိုပြလိုက်လို့ပဲ ငြိမ်သွားတာများလား'ထမင်းစားခန်းထဲရောက်တော့ ထယ်က
"မောင် ခေါ်ခဲ့ပြီလား"''အင်း ခေါ်ခဲ့တယ် ဆင်းလာလိမ့်မယ် သမီးကတော့ အိပ်ပျော်နေတယ်"
''ဪ..သားတို့ လာ ဝင်ထိုင်ကြ "အနောက်ကနေ ဝင်လာတဲ့ ကလေးနှစ်ယောက်ကို TaeHyungပြောလိုက်တော့ တစ်ယောက်တစ်ခုံစီယူကာ ဝင်ထိုင်လိုက်ကြပေမဲ့ မျက်နှာတွေကသိပ်မလန်းချင် ဘာများဖြစ်လို့ပါလိမ့်။
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
FanfictionJust my imagine ! So,Don't blame my idols . Burmese language (not English )