Part 13

133 6 0
                                    

Jeon Hyung တို့က အမှန်ဆို သူငယ်ချင်းလေးယောက်အုပ်စုဖြစ်ခဲ့သည်။
Jeon hyung, Reo,Leoနဲ့Ashရယ်ပေါ့....
Ashက ကနေဒါသွေးတစ်ဝက်ပါတဲ့ ကပြားတစ်ယောက်ဖြစ်သည်။
အဖေက ကိုရီးယားသားဖြစ်ပြီး အမေကတော့ ကနေဒါသူဖြစ်သည်။
Ashအလယ်တန်းနောက်ဆုံးနှစ်အပြီး အထက်တန်းပထမနှစ်တက်ခါနီးအချိန်မှာ မိဘနှစ်ပါးရဲ့ ကွာရှင်းပြတ်ဆဲမှုကြောင့် အမေဖြစ်သူနဲ့အတူ ကနေဒါကိုပါသွားခဲ့ရတာမို့ သူငယ်ချင်းတွေ ကွဲသွားခဲ့ကာ အခုမှပြန်တွေ့ကြရခြင်းဖြစ်သည်။

"ကဲ..ဆို.. ဟိုရောက်သွားကတည်းက ငါတို့ကိုအဆက်အသွယ်မလုပ်ရတဲ့အကြောင်း''-Leo

''မအားလို့ပါဟာ..ပြီးတော့ ရောက်တာနဲ့ ကျောင်းတန်းအပ်ရ ဘာလုပ်ရ ညာလုပ်ရနဲ့လေ
ဘာသာစကားလဲအခက်အခဲရှိနေတော့ပိုဆိုးတာပေါ့"-Ash

''သွားစမ်းပါ ကျန်တဲ့ကောင်တွေကိုသာသွားပြော ကနေဒါနဲ့ ဒီကို ငယ်ငယ်ကတည်းက အိမ်ဦးနဲ့ကြမ်းပြင်လိုသွားနေတဲ့ကောင်က ဘာသာစကားအခက်အခဲ ဟုတ်လား? ရယ်တောင်ရယ်ချင်တယ် လာလိမ်မနေနဲ့ -Reo

''ဟဟ..ဟုတ်ပါပြီ ငါ့အကြောင်းကောင်းကောင်းသိနေကြတော့လဲ.. အဟား
ဒါတွေထားလိုက်ပါ ငါတို့တွေဆုံတုန်းလေး တစ်ခုခုလုပ်ရအောင်"-Ash

''ဘာလုပ်မှာလဲ လျှောက်လိမ့်လို့မရသေးဘူးနော်
ငါ့မွေးနေ့ပွဲကတန်းလန်းကြီး..."-Jeon hyung

''ငါကလဲ အခုကိုပြောတာမဟုတ်ပါဘူး နောက်ရက်တွေမှ ကဲကြတာပေါ့"-Ash

''ok..''-All except Ash

''ဒါနဲ့ နင်က ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ"-Jeon hyung

''အင်း...၁လလောက်ပေါ့ Appaနဲ့လဲမတွေ့တာကြာနေပြီလေ"-Ash

''အင်း အင်း ကောင်းသားပဲ -Jeon hyung

ထိုအချိန် အနားရောက်လာတဲ့ Kim Chaewonက Jeon Hyungအား

"မမလေး.. အကိုလေးတို့က ခဏလာခဲ့ပါအုံးတဲ့"

''အေးအေး ခနနော် ငါ့ကောင်တွေ ပါပါးခေါ်နေလို့"

''သွားလေ ယောင်း "
Jeon hyung နဲ့ Chaewonထွက်သွားတော့ Ashက အမြွှာနှစ်ယောက်ကိုစကားစလိုက်သည်။

"ဟိုနှစ်ကောင် ငါခုနကတည်းကမေးချင်နေတာ မင်းတို့်နှစ်ကောင် Jeon Hyung ကိုကြိုက်နေတာလား ငါ့ကိုJeon Hyungပြေးဖက်တော့ အနောက်ကနေမကြည်ကြည့် ကြည့်နေတာ ဟုတ်တယ်မလား"

Jeon Family (Jeons' Home Sweet Home SS2)Where stories live. Discover now