Special Part 1

188 5 0
                                    

၅နှစ်ခန့်ကြာသော်...

"Sweetie..သမီးပြန်မလာသေးဘူးလား သမီးရယ်"

''Daddyကလဲ Sweetie ဒီမှာအလုပ်အတွေ့အကြုံရအောင်အလုပ်လုပ်နေချင်လို့ပါဆို
ပြီးတော့ ကျောင်းပြီးခါစဆိုတော့ နည်းနည်း လည်ချင်သေးလို့"

''Daddyတို့ဆီမှာလဲ လေ့လာလို့ရတာကိုကွာ.."

''No..သူဌေးရဲ့သမီးဆိုပြီး ဘယ်သူကမှဘာမှလုပ်ခိုင်းရဲမှာမဟုတ်ဘူး ပါပါး ပြောအုံး Daddy ကို"သမီးက ဘေးမှာထိုင်ကာ သားအဖနှစ်ယောက် ပြောတာကိုနားထောင်နေတဲ့ TaeHyungကိုစစ်ကူတောင်းလာခဲ့လျှင် မောင်ကလှည့်ကြည့်လာသည် မောင့်ဘက်ကပဲနေ ဆိုတဲ့အကြည့်ကြီးဖြင့်...
ဒီသားအဖတွေနဲ့တော့ခက်တယ် ရတဲ့အချိန်လေး Video Callပြောရတာကို မောင်ကဇွတ်တွေကို ပြန်လာခိုင်းနေတာ သူ့သမီးကိုသိပ်လွမ်းနေတာဆိုတော့...
သမီးကကျပြန်တော့ ကျောင်းပြီးပြီး အလုပ်အတွေ့အကြုံလိုချင်တာမို့ အလုပ်လုပ်ဖို့ဆိုင်းပြင်းနေပုံရကာ မောင်နဲ့သူ့ကိုပြောပြရာကနေ အခုလိုအငြင်းအခုံတွေဖြစ်တော့တာပါပဲ။

"Tae..မောင်ပြောတာမှန်တယ်နော် နော်လို့"

"ကဲ တော်ပြီ မောင် ညလဲအတော်နက်နေပြီဆိုတော့ အိပ်ရအောင် သမီးလုပ်ချင်တာလုပ်ခွင့်ပေးလိုက်ပါ"

''ဟား..Tae!''JungKook ထယ့်ကိုစစ်ကူတောင်းခါမှ ပိုဆိုးသွားတော့သည်။
လုပ်ကြပါ..ဒီကောင့်ကိုအနိုင်ကျင့်ကြပါလို့...

"Sweetie Good night သမီး ပါပါးတို့ကအိပ်မှရတော့မှာ "

''ဟုတ် ပါပါး Good night Daddy ရောပဲနော်"
သူပြောသလိုမလုပ်လို့စိတ်ကောက်သွားတဲ့မောင်က သမီးကိုတောင် good night မပြောတော့ဘဲ စောင်ကြီးခေါင်းမြီးခြုံသွားတော့သည်။
သမီးက သူ့Daddyကိုကြည့်ကာ ရယ်ရင်း မနိုင်ဘူးဆိုကာ ခေါင်းတရမ်းရမ်းဖြင့် Video Callချသွားသည်။

TaeHyung လဲမောင့်အနားသွားလိုက်ကာ စောင်ကိုဆွဲလှန်တော့ မောင်ကအတင်းကိုင်ထားတာမိြု့ ဆွဲလို့မရ။

"မောင်... မောင်ကလဲကွာ သမီးကပြန်မလာချင်တာမှမဟုတ်တာ သူဟိုမှာကျောင်းပြီးပြီးချင်းပဲရှိသေးတော့ လည်ချင်ပတ်ချင်မှာပဲလေ ပြီးတော့ ဒီမှာထက်စာရင် ဟိုမှာကသူပိုပြီးအလုပ်အတွေ့အကြုံရနိုင်တာလေ မောင်တို့ကုမ္ပဏီမှာဆို သမီးကိုမောင့်သမီးမှန်းသိတော့ ဘယ်ခိုင်းရဲမှာလဲ Hmm? မောင် "

Jeon Family (Jeons' Home Sweet Home SS2)Where stories live. Discover now