''ဝှား...အင်း.."Jeon Hyung တစ်ချက်သန်းလိုက်ကာ အကြောပါဆန့်လိုက်သည်။
နာရီကိုလှမ်းကြည့်မိတော့ ၇နာရီထိုးခါနီး..
ဒီနေ့တော့ သူမအစောနိုးနေသည် အကြောင်းကတော့ ဒီနေ့ သူမရဲ့(၁၆)နှစ်ပြည့်မွေးနေ့မို့ပင်။
ပါပါးတို့က မွေးနေ့ပွဲကို Jeon Group ပိုင်တဲ့ Hotel တွေထဲက တစ်ခုမှာစီစဥ်ပေးမည်ပြောသည်။
ညကလဲ မွေးနေ့အတွက်စိတ်လှုပ်ရှားကာ အိပ်လို့မပျော်နိုင်ခဲ့...
မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့တာတောင် အခုလိုအစောပြန်နိုးလာသော်လည်း စိတ်ကြည်နေသည်။မျက်နှာသစ် သွားတိုက် ရေပါချိုးလိုက်ပြီး အောက်ထပ်ဆင်းလာတော့ လှေကားတစ်ဝက်လောက်မှာ အောက်ကနေတက်လာတဲ့ ပါပါးနဲ့ဆုံသည်။
"Morning ပါပါး"
''Morning sweetie...ပါပါးကအခုပဲ သမီးကိုလာနှိုးတော့မို့ "
''sweetieနိုးပြီလေ "
''ဟုတ်ပါပြီ လာ အောက်ဆင်းရအောင်''
TaeHyungလဲ သမီးနဲ့အတူ အောက်ထပ်ပြန်ဆင်းလာကာ ထမင်းစားခန်းထဲဝင်လာလိုက်သည်။"ဟော..မွေးနေ့ရှင်လေး ဆင်းလာပြီ။
Happy birthday ပါ ဖွားမြေးငယ်ဆုံးလေးရေ"''Thank you.. ''
"ဖိုးကလဲပြောမယ်ဗျာ Happy birthday ''
''Happy birthday ပါးတို့ကလေးလေး"
အားလုံးကHappy Birthdayလို့်နှုတ်ဆက်ကြသည်။
"ရော့..ဒီမှာ မီယော့ဂု မွ ဒယ်ဒီ့သမီးလေး Happy birthday "
"ဒယ်ဒီကိုယ်တိုင်ချက်ထားတာလား "
''ဒါပေါ့ ဒယ်ဒီ့ပူတူးလေးအတွက် ဒယ်ဒီကိုယ်တိုင်ချက်ထားတာ ကဲ သောက်ကြည့်ပါအုံး''
Jeon Hyungလဲ ဟင်းချိုတစ်ဇွန်းကိုခပ်သောက်လိုက်ပြီး
"ကောင်းတယ် ဒယ်ဒီ"ဟုလက်မလေးထောင်ကာပြောသည်။"ကောင်းရင် သောက် "
''အာ..sweetieအတွက် မွေးနေ့လက်ဆောင်ရော ဘယ်သူမှမပေးကြသေးဘူးနော်"
''ဟားဟား..လက်ဆောင်လိုချင်တယ်ပေါ့ အငယ်လေးက"
''လိုချင်တာပေါ့လို့ ကိုကိုNamJinရဲ့ ကိုကိုကရောဘာပေးမှာလဲ"
''ဒယ်ဒီတို့အားလုံးစုပြီး ပေးထားတဲ့လက်ဆောင်ရှိတယ် "
''ဘာကြီးလဲ ဒယ်ဒီ?''
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
Fiksi PenggemarJust my imagine ! So,Don't blame my idols . Burmese language (not English )