Edenနဲ့Sweetieတို့ပြဿနာအပြီး တစ်လကျော်လောက်မှာ Reoတို့သုံးယောက်အတွဲလိုက် weddingလုပ်ဖို့ဖြစ်လာခဲ့သည်။
ဒီနေ့က ထိုနေ့လေးပင်...Make Up Roomထဲ ပြင်နေတဲ့ Ashတို့နဲ့အတူ Sweetieနဲ့Edenတို့လဲရှိနေကြသည်။
"အိမ်း... သုံးယောက်တွဲကားကြီးကအရင်ထွက်သွားတာပဲနော်..."-Sweetie
"ဘာလဲ မနာလိုတာလား "-Ash
"ဖြစ်စရာလား...အိမ်ထောင်ပြုတာ လွယ်တာကျလို့ ငါတို့က ဒီတိုင်းလွတ်လွတ်လပ်လပ်နေချင်သေးတာ နော်...Eden "Sweetie ပြောတာကို Edenကတော့ ပြုံးကာမေးဆတ်ပြသည်။
ထိုအခိုက် Reoနဲ့ Leoကို အသင့်နေရာယူရန် လာပြောတာကြောင့် အမြွှာတွေက အရင်ထွက်သွားကြသည်။Ashကိုပါ နေရာယူရန်လာခေါ်တော့မှ ပန်းစည်းမရသေးတာကို Ashသတိရလိုက်သည်။
"Sweetie... ပန်းစည်းရော"
ဒီမှာ...ဒီမှာ ရော့.... မြန်မြန်သွားတော့"Ashလဲ အလျင်လိုနေတာကြောင့် လက်ထဲထိုးထည့်ပေးလာတဲ့ ပန်းစည်းကိုမကြည့်ဘဲ ယူကာ ထွက်သွားသည်။
အနောက်ကနေ Sweetie က အူတက်မတတ်ရယ်နေတာကို Edenကတော့ကြောင်တောင်တောင်ရယ်....ဘာလို့ရယ်နေမှန်းမှမသိတာ။"Honey..ဘာတွေသဘောကျနေတာလဲ"
"ဘာမှမဟုတ်ပါဘူး..သွားမယ်လေ "
"အင်း"သူတို့နှစ်ယောက်လဲ ပွဲထဲပြန်ဝင်ကာ TaeHyungတို့ဝိုင်းမှာ သွားပြန်ဝင်ထိုင်လိုက်သည်။
Wedding Planအတိုင်း ကျမ်းသစ္စာပြုပြီး အနမ်းပေးတဲ့အထိ အိုခေ...နမ်းလဲနမ်းပြီးရော Sweetie ကထအော်သည်။
"Hey...ငါ့သူငယ်ချင်းလေးတို့ ငါ့လက်ဖွဲ့ကိုကောင်းကောင်းသုံးနော် Ashဆီပေးထားတယ်။...."-Sweetie
"ဘယ်မှာလဲ...နင့်လက်ဖွဲ့က"-Ash
"လက်ထဲကပန်းစည်းကိုကြည့်လိုက်"Sweetie အပြောအတိုင်း သတို့သားသုံးယောက်လုံး ပန်းစည်းကိုကြည့်မိသည့်အခါ Ashကမျက်နှာရဲသွားပြီး အမြွှာတွေက ထအော်သည်။
"Yahhh...Jeon Sweetie "-Twins
"ဟားဟားဟား...."-Sweetie
Ashက ကြားထဲကနေ မျက်နှာရဲရဲနဲ့ပင် Middle Finger Upပြသည်။
ဘာလို့ဆို Ashကိုင်ထားတာ ပန်းစည်းမှမဟုတ်တာ...ConDomအစည်းလိုက်ကြီးကို ပန်းစည်းလိုလုပ်ထားတာကို။
ထိုConDomစည်းအစား Staffတစ်ယောက်က ပန်းစည်းအစစ်နဲ့လာလဲပေးမှပဲ Ash လဲ အရှက်ပြေတော့သည်။
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
FanfictionJust my imagine ! So,Don't blame my idols . Burmese language (not English )