Jeon Hyung မနေ့ညလယ်လောက်က ရေဆာပြီးတရေးနိုးလာလို့ အောက်ထပ်ကိုရေသောက်ဖို့ဆင်းလာခဲ့လိုက်သည်။
နောက်ဖေးမီးဖိုခန်းမီးကိုဖွင့်လိုက်တော့ ထမင်းစားပွဲမှာ တစ်ယောက်တည်းငုတ်တုတ်ထိုင်နေတဲ့ Kim ChaeWon။ရုတ်တရက် မီးပွင့်သွားတာမို့ ChaeWon လှည့်ကြည့်မိတော့ မမလေးဖြစ်နေတယ်။
''အာ..မမလေး ဘာလိုလို့လဲ Chaeဘာလုပ်ပေးရမလဲ''
"နေ..ရတယ် ငါရေဆာလို့ ရေလာသောက်တာ
မင်းဘာလို့အမှောင်ထဲထိုင်နေတာလဲ အိပ်မပျော်လို့လား""ဟုတ်..အတွေးတွေရှုပ်ပြီး အိပ်မပျော်လို့ပါ မမလေး"
''သီချင်းနားထောင်တာပဲဖြစ်ဖြစ် စာဖတ်တာပဲဖြစ်ဖြစ်လုပ်ကြည့် အိပ်ပျော်လိမ့်မယ်"
''ဟုတ်ကဲ့..ဟို မမလေး..."ChaeWon ရေသောက်ပြီးလို့ ပြန်လှည့်ထွက်တော့မယ့် မမလေးရဲ့လက်ကို လှမ်းဆွဲလိုက်သည်။
မမလေးက လှည့်ကြည့်လာပြီး ဆွဲထားတဲ့လက်ကိုကြည့်လာတာမို့ ChaeWon လွှတ်ပေးလိုက်သည်။ မမလေးက သူ့အသားကို ထိတာမကြိုက်ဘူးထင်ရဲ့။"ပြောလေ ကောင်မလေး"
''ဟို..ဟိုဟာ Chae မမလေးကိုချစ် ချစ်တယ်"
''အင်း"
''ဟင်? မမလေးစိတ်မဆိုးဘူးလား''
''ဘာကိုစိတ်ဆိုးရမှာလဲ? မင်းပြောတဲ့စကားကစိတ်ဆိုးစေလောက်တဲ့အရာမှမဟုတ်တာ။"
''အာ.."အမှန်ဆို ChaeWon မမလေးကိုဖွင့်ပြောလိုက်ရင် စိတ်ဆိုးလောက်တယ်လို့တွေးခဲ့မိတာ။
ဒါကြောင့်မို့လဲ တော်တော်နဲ့ ခံစားချက်ကို ဝန်မခံရဲ့ခဲ့တာ အခုလိုမျိုး တုံ့ပြန်ပြန်တော့လဲ စိတ်ကဘဝင်မကျချင်ပြန်။"မမလေးကရော? ?''
''ဘာကိုမေးချင်တာလဲ ''ပြုံးပြီး ပြန်မေးလာတဲ့မမလေးရဲ့ ပင်လယ်ပြာရောင်မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်မိတဲ့အခါ ထွက်လာတဲ့စကားသံဟာ အထစ်ထစ် အငေါ့ငေါ့နဲ့သာ။
"အ..အဖြေ တောင်း တောင်းတာ"
''အဟင်း..အိပ်တော့ ကောင်မလေး မင်းမနက်ကျအစောထရတဲ့အခါ အိပ်ရေးမဝရင် ခေါင်းနောက်နေလိမ့်မယ် Good Night "ChaeWon ကိုခေါင်းလေးတစ်ချက်ပုတ်လို့ ပြောပြီးတာနဲ့ မီးဖိုးခန်းထဲကနေထွက်သွားတဲ့ မမလေးက ဘာကိုမှရေရေရာရာပြောမသွားခဲ့။
ဘာပဲဖြစ်ဖြစ် မမလေးဆီက ခေါင်းကိုတစ်ချက်အပုတ်ခံလိုက်ရတာကို သိပ်သဘောကျနေမိတယ်။
ChaeWon မမလေးရဲ့လက်နဲ့ထိသွားတဲ့ ခေါင်းတစ်နေရာကိုကိုင်လို့ အရူးတစ်ယောက်လို ပြုံးနေရင်း သူမအခန်းဆီပြန်ကာ အိပ်ပျော်ဖို့ကြိုးစားနေမိသည်။
မမလေးက အိပ်တော့ဖို့် ပြောသွားတယ်မလား။
........................................................................
Kim ChaeWon နဲ့Jeon Hyung တို့အခန်းချည်းပဲသီးသန့်ထုတ်ချင်တာမို့ တိုသွားပါတယ်။
မိုးကို စာဆက်ရေးဖို့် motiပေးတဲ့ ကလေးလေးကို မိုးအရမ်းကျေးဇူးတင်ပါတယ်။
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
FanfictionJust my imagine ! So,Don't blame my idols . Burmese language (not English )