Part 5

201 13 0
                                    

မနက်စာစားပြီးကြတော့ ဂျွန်အဖိုးရယ် ဂျွန်အဖွားရယ်က NamJoon Hyungနဲ့ YoonGi Hyungတို့နဲ့ Golfကွင်းသွားကြသည်။အစက မောင်ပါလိုက်မလို့ပါဘဲ သူ့သမီးကိုဟိုအမြွှာတွေနဲ့စိတ်မချဘူးဆိုကာ နေခဲ့သည်။
SeokJin Hyungနဲ့ JiMinကတော့ စျေးထွက်ဝယ်လေရဲ့..
အိမ်မှာကျန်ခဲ့တာက NamJinရယ် YoonMinရယ် TaeHyungတို့သားအဖတွေရယ်နဲ့ အမြွှာနှစ်ယောက်ပင်။

TaeHyungနဲ့NamJinလေးတို့ညီအစ်ကိုကတော့ ဆိုဖာမှာထိုင်လို့ ကလေးတွေဂိမ်းဆော့နေတာကိုထိုင်ကြည့်နေသော်လည်း မောင်ကတော့ သူ့သမီးကိုအမြွှာတွေမထိရေး သမီးရဲ့အနောက်ကနေ  ရင်ခွင်ထဲထည့်ထားသည်။
ဂိမ်းဆော့နေပါတယ်ဆိုမှ အဖေလုပ်သူကရင်ခွင်ကြီးထဲထည့်ထားတော့ မလွတ်မလပ်ဖြစ်ကာ နဂိုကမှစိတ်လက်တစ်ဆစ်ရယ်ပါဆို အခုလိုဆိုတော့ ပို၍ပင်စိတ်အိုက်ပုံရသည့်သမီးက

"ရော့..Daddyပဲဆက်ဆော့တော့ "ဆိုကာ မောင့်လက်ထဲ ဂိမ်းစက်ကြီးထိုးပေးကာ ဆိုဖာပေါ်တက်ထိုင်လို့ TaeHyungပေါင်ပေါ်ခေါင်းတင်ကာ လှဲချလာသည်။
TaeHyungလဲ သမီးရဲ့ခေါင်းလေးကိုပွတ်ပေးတော့ မျက်နှာကိုTaeHyungဗိုက်မှာကပ်ကာ ခါးကိုပါ ဖက်ထားသေးသည်။

"Sweetie..သမီး အိပ်ချင်လို့လား ဟင်"

''နည်းနည်းပါ ပါပါး"ဟုပြန်ပြောလာသံက အိပ်ငိုက်နေသည့်အသံလေး။
သမီးက ဟိုးပိစိလေးကတည်းက အကျင့်တွေက အခုထက်ထိ မပျောက်သေး။
ငယ်ငယ်ကတည်းက နေ့လည်နေ့ခင်းအိပ်ချင်ပြီဆို အခုလို TaeHyungပေါင်ပေါ်တက်လာကာ ဗိုက်မှာမျက်နှာအပ်လို့ မှိန်းနေတတ်သည်။
ခေါငျးလေးကိုသာပှတျပေးလိုကျလို့ကတော့ နို့မသောက်ဘဲလဲ အိပ်ပျော်တတ်သည်။
အခုလဲ သမီးကို ခေါင်းလေးပွတ်ပေးနေတော့ ကလေးက တဖြည်းဖြည်းအိပ်သွားလေပြီ။
သိပ်ကိုအအိပ်မက်သည့်ကလေးလေး...
YoonGi Hyungကပြောတာ သူ့တူမလေးကသူနဲ့တူသတဲ့လေ။

မောင်ကတော့ သမီးနေရာအစားဝင်ကာ ဂိမ်းကိုသည်းကြီးမည်းကြီးဆော့ကာ အမြွှာနှစ်ယောက်နဲ့ ဆူညံလို့...

"မောင်..."TaeHyungခေါ်လိုက်တော့

"ဟင်..''ဟုသာအသံပေးတာ ခေါင်းကလှည့်မလာ ။

"ရှူးတိုးတိုး..မောင် မောင့်သမီးအိပ်ပျော်နေတယ်"ထိုအခါမှ နောက်လှည့်ကြည့်လာလေတဲ့မောင်နဲ့ အမြွှာနှစ်ယောက်။

Jeon Family (Jeons' Home Sweet Home SS2)Where stories live. Discover now