TaeHyung နေ့လည်ခင်း သမီးလေးအိပ်နေတုန်း ကမန်းကတမ်းရေဝင်ချိုးရသည်။
သမီးအတွက် ACကို အမြင့်ဆုံးကနေ အနည်းငယ် လျှော့ချပေးလိုက်သည်...အများကြီးသွားလျှော့လို့တော့မရဘူး ဘာလို့ဆို Jeon Sweetie က အအေးသိပ်ကြိုက်တာ။
အေးနေမှ ကောင်းကောင်းအိပ်တာ...နည်းနည်းလေးပူတာနဲ့ ထငိုရော။ဒီနေ့က Sundayပေမဲ့ မောင်က Joon Hyung တို့နဲ့အတူ အခုဆောက်လက်စ Hotel ကိုသွားကြည့်ကြတာမို့ အိမ်တွင်မရှိ။
Jin Hyungနဲ့ JiMinကလဲ ဆိုင်ပိတ်ရက်ပေမဲ့ ကလေးတွေအတွက်နဲ့ အိမ်အတွက်လိုတာတွေ ဝယ်ဖို့ NamJinလေးတို့ကိုရော အိမ်တော်ထိန်းလီတို့ကိုပါခေါ်သွားတာကြောင့် အိမ်မှာ TaeHyung ရယ် သမီးလေးရယ်သာကျန်ခဲ့သည်။အခုလဲ သမီးလေးကို နေ့ခင်းတရေးသိပ်ထားတုန်းလေးရေဝင်ချိုးပြီး ပြန်ထွက်လာတော့ မောင်က ပြန်ရောက်နေပြီး သူ့သမီးအိပ်နေတာကို ပါးကိုနမ်းလိုက် တို့လိုက် ထိလိုက်သွားလုပ်နေပြန်သည်။
TaeHyung မှာ သမီးနိုးသွားမှာစိုးတာမို့ အသံတိုးတိုးနဲ့ လှမ်းဟန့်ရသည်။"မောင်..ကလေးအိပ်နေတာကို ဘယ်လိုဖြစ်နေတာလဲ နိုးသွားလိမ့်မယ် နိုးပြီးဂျီကျရင် မောင်ကြောင့်ပဲနော်"
"သမီးအိပ်နေတာလေးကချစ်ဖို့ကောင်းလို့ပါကွာ...ကြည့်ပါအုံး အသည်းယားလိုက်တာ"
"အပြင်ကပြန်လာပြီးတော့ သမီးနားကိုတန်းကပ်နေတယ်...လက်မဆေး ဘာမဆေးနဲ့....
ရေရောသောက်ပြီးပြီလား မောင့်ကြည့်ရတာချွေးတွေနဲ့ ACခန်းထဲဝင်လာတာ အပူရှပ်ကုန်အုံးမယ်"TaeHyung မောင့်ကိုပွစိပွစိပြောရင်း အဝတ်အစားလဲဖို့ ဗီရိုကိုဖွင့်ကာ အဝတ်ရွေးနေသည်။"ရေလဲသောကျပွီးသလို အောက်မှာကတည်းက လက်လဲဆေးခဲ့ပါတယ်ဗျာ....
ချွေးကအရမ်းထွက်နေတာမဟုတ်လို့လဲ မောင်အခန်းထဲဝင်လာတာပါဗျ...ဟုတ်ပြီလား"JungKook ပြောရင်း အဝတ်ရွေးနေတဲ့ Taeအနားသွားကာ အနောက်ကနေ ခါးလေးကိုဖက်ထားလိုက်သည်။"မောင်တို့ ဒီလိုလေး မနေရတာတောင်ကြာပြီနော်"
"အပိုတွေ.... မောင်ဖယ်အုံး အဝတ်လဲမလို့"
"လဲလေ.... "JungKook ပြောလိုက်ပေမဲ့ ဖက့ထားတာကိုတော့ မဖယ်ပေး။
"လဲလေဆို..ဖယ်ပေးလေ ဒီပုံစံနဲ့ ဘယ်လိုလဲမှာလဲ"
YOU ARE READING
Jeon Family (Jeons' Home Sweet Home SS2)
FanfictionJust my imagine ! So,Don't blame my idols . Burmese language (not English )