Part 4

242 13 2
                                    

TaeHyungဘေးမှာ မျက်နှာရှစ်ခေါက်ချိုးနဲ့ဝင်ထိုင်လေတဲ့ မောင့်ကြောင့် TaeHyungမှာကျိတ်ရယ်ရသေးသည်။
ပေါ်တင်လဲမရယ်ရဲ..တော်ကြာ ဘာရယ်တာလဲဆိုပြီး ကိုယ့်ဘက်မြှားဦးလှည့်လာကာမှ ရှင်းရခက်နေမည်လေ။
မောင်ကထိုသို့ဖြစ်ရခြင်းအကြောင်းမှာတော့
ထုံးစံအတိုင်း သမီးရဲ့သူငယ်ချင်းအမြွှာနှစ်ယောက်ကြောင့်ပင်။
အခုလဲ sweetieကိုအလယ်မှာထားကာ ဘေးတစ်ဖက်တစ်ချက်စီနေရာယူလို့  မုန့်ခွံ့ကျွေးလိုက် ကော်ဖီသောက်ခိုင်းလိုက်နဲ့ လုပ်ပြနေတဲ့ အမြွှာတွေကြောင့် မောင်က ကောျဖီခှကျကိုပငျ အသံမြည်အောင် ချလိုက်သည်။

အခြေအနေကို စားပွဲမှာထိုင်နေတဲ့လူမှန်သမျှရိပ်စားမိပေမဲ့ တစ်ခွန်းမှဝင်မပြောဘဲပြုံးပြီးသာကြည့်နေကြသည်။
ဖအေကလဲ ဒီသမီးကိုရှိရှိသမျှအရာရာတိုင်းနဲ့အူတို..ဒါကိုသိတဲ့ ဟိုအမြွှာညီအစ်ကိုကလဲတမင်တွေလုပ်ပြနဲ့ ဟုတ်နေရော...
မနေနိုင်တဲ့အဆုံးမှာမှ ဂျွန်အဖွားက

"မြေးReoနဲ့Leo..''

''ဗျာ..အဖွား"-Reo & Leo

''ဖွားမြေးမလေးမှာလက်ရောခြေရောအကောင်းပါကွယ် မင်းတို့တွေ ပိုလှချည်လား"

''ပိုတာမဟုတ်ပါဘူး ဖွားရဲ့ သားတို့က ဒီသူငယ်ချင်းလေးကိုချစ်တာပါ"-Reo

''"ဟုတ်တယ် ဖွား..သားလဲ Reoပြောသလိုပါပဲ''
ပြန်သာဖြေနေကြတာ Sweetieကို မုန့်အခွံ့မပျက်၊ ကော်ဖီအတိုက်မပျက်နဲ့သာ...

ဂျွန်အဖွားလဲ ပြုံးရင်း စကားဆက်သည်။
''အေးပါ အေးပါ မြေးတို့ကဖွားတို့ကလေးလေးကိုအခုလိုဂရုတစိုက်ရှိတာမြင်ရတော့ ဖွားသဘောကျပါတယ်။
ဒါပေမယ့် သားတို့က တစ်သက်လုံးကြီးမှ ဂရုစိုက်ပေးနို်င်မှာမှမဟုတ်တာ အချိန်တန်ရင် လက်တွဲဖော်ကို်ယ်စီနဲ့ဖြစ်သွားမှာကို"

''ဟာ..သားတို့က အိမ်ထောင်ပြုဖို့တွေးကိုမတွေးထားဘူး ဒီတိုင်းလေးပဲ ယောင်ယောင်းကိုဂရုစိုက်သွားချင်တာ"-Leo

"ဖွားတစ်ခုလောက်မေးမယ် သားတို့သေချာဖြေပေးနော်"

''ဟုတ်ကဲ့..ဖွား"-Reo&Leo

''သားတို့ ဖွားမြေးကို ဘယ်လိုသဘောထားလဲ"

''မာမီ!..''JungKookထအော်လိုက်ခြင်း..
ဘာကို ဘယ်လိုသဘောထားလဲ လဲ ။
ဒီစကားက ဘယ်ကိုဦးတည်မှန်းသူကောင်းကောင်းသိတာမို့ ...
သူ့သမီးလေးကိုသူတောင်ချစ်လို့မဝသေးတာကို မာမီကအဲ့နှစ်ကောင်နဲ့ သမီးကိုသဘောတူချင်ပုံရသည်။

Jeon Family (Jeons' Home Sweet Home SS2)Where stories live. Discover now