Seoulမြို့အစွန်က ခြံဝန်းအကျယ်ကြီးထဲမှာ ရှိနေတဲ့ အပြာရောင်အိမ်လေးက လှပပြီး အထီးကျန်လို့နေပါသည်၊ ပန်းခြံငယ်လေးထဲက နီဆွေးဆွေး နှင်းဆီတွေက အိမ်ရဲ့အထီးကျန်မှုကို အထောက် အကူ ပြုနေတဲ့ အဆင်တန်ဆာလို့ ပြောရမလား၊
အိမ်ရှေ့အပင်အိုကြီးအောက်ကစီးသူမဲ့နေတဲ့ ဒန်းငယ်လေးကပဲ အထီးကျန်ခြင်းရဲ့အသွင်ကို ပိုမိုဆောင်ကျဉ်းပေးနေသလား ရေရေရာရာမပြောနိုင်ပေမယ့် အိမ်လေးကတော့ အထီးကျန်လို့နေတယ်ဆိုတာ အသေအချာ၊
အပြာရောင်အိမ်လေးနဲ့မလိုက်ဖက်စွာ တစ်ချို့ညတွေမှာလူငယ်လေးတစ်ယောက်ငိုကြွေးနေတဲ့အသံတွေကို ကြားရတယ်၊
တစ်ချို့သောနေ့လည်ခင်းတွေမှာ နာနာကျင်ကျင် အော်ဟစ်နေတဲ့ အသံတွေကို ကြားရတတ်တယ်၊
တစ်ချို့လမိုက်ညတွေမှာတော့ညအမှောင်ထုနဲ့လိုက်လျောညီထွေဖြစ်တဲ့ခြောက်ခြားဖွယ်ရာ စန္ဒရားသံတွေကို ကြားရလေ့ရှိတယ်၊
သေလူတစ်ယောက်မဟုတ်တဲ့ သေလုမျောပါးဖြစ်နေတဲ့ လူငယ်တစ်ယောက် ဘဝအမှောင်ထုထဲကနေ ရုန်းထွက်ဖို့ရာ လွယ်ကူပါ့မလားဆိုတာ မသေမချာ၊ အချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊
AT MIDNIGHT ;
" ကိုကို ကိုကို ကျွန်တော့်ကို စန္ဒရားတီးပြပါ "
" ကလေးလေးက အိပ်ချင်နေပြီလား ကိုကိုက တီးပြရမှာပေါ့ "
" ကလေးလေး သဘောကျလား "
" ဟုတ်ကိုကို သဘောကျတယ်၊ ကျွန်တော့်ကို ညတိုင်း တီးပြပေးပါနော် နော် "
ထပ်တလဲလဲကြားနေရတဲ့ အသံတွေ၊ အနှေးကွက်နဲ့ ပြသနေသော ရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ဝင်ခန်းတွေလို၊ စိတ်ရဲ့အနက်ရှိုင်းဆုံးမှာ နေရာယူထားတဲ့ လူတစ်ယောက်နဲ့ သူ့ရဲ့ ပုံရိပ်တွေ
တစ်စက်စက်ကျနေတဲ့ ချွေးစေးတွေ၊ မြန်နေတဲ့ နှလုံးခုန်သံတွေ၊ အသက်ရှူဖို့ရာ အောက်ဆီဂျင် အလုံအလောက် မရှိတော့သလို ညသန်းခေါင်ယံအချိန်ရဲ့ ဒီလိုအိပ်မက်တွေက သူ့ကို မောပန်းစေတယ်၊ ခန္ဓာကိုယ်တစ်ခုလုံးက အားအင်တွေကို စုတ်ယူသွားသလိုမျိုး ခံစားရစေသည်၊
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought